မင်းနာမည်အရင်းကိုယ်မသိ၊ ကိုယ်နာမည်လည်းမင်းမသိ
မင်းအသက်လည်းကိုယ်မသိ၊ ကိုယ်အသက်လည်းမင်းမသိ
မင်းရုပ်ရည်လည်းကိုယ်မသိ၊ကိုယ်ရုပ်ကိုလည်းမင်းမသိ
မင်းနေရပ်လည်းကိုယ်မသိ၊ကိုယ်နေရပ်လည်းမင်းမသိ။
ဖန်သားပြင်ထက်မှာတော့၊နှလုံးသားချင်းနေ့စဉ်တွေ့ထိ
မင်းအားငယ်နေတိုင်း၊ကိုယ်အားပေးနေမိ
မင်းသောကရောက်နေတိုင်း ကိုယ်မျှဝေခံစားနေမိ
မင်းလျှောက်မယ့်လမ်း မှုန်ဝါးရင်လည်း
လမ်းပြမီးအိမ်လေး ကိုယ်ကိုကြည့်
ဒီလိုနဲ့ပဲ နှစ်ဦးသား သံယောဇဉ်ငြိတွယ်မိ။
မနီးကြပေမယ့် မဝေးကြေး၊ မတွေ့ကြပေမယ့် မဆွေးကြေး
ကွန်ပျူတာရှေ့ ထိုင်လိုက်တိုင်း
ကွန်ပျူတာခလုတ်ကလေး ကိုင်လိုက်တိုင်း
ကိုယ်နှလုံးသားကို မင်းကထိ၊ မင်းနှလုံးကို ကိုယ်ကသိ။
ဒီအချစ်မှာ နယ်နမိတ်မရှိ၊အကွာအဝေးမရှိ
အမုန်းတရားမရှိ၊ စိုးထိတ်ကြောက်ရွံ့မှုမရှိ
သိမ်ငယ်မှုဆိုတာမရှိ၊ ကြေကွဲစရာလည်း မရှိ
မင်းရဲ့ Cyber ချစ်သူ ကိုယ်သာထာဝရ ဖြစ်ရပါလို၏...
Monday, 21 July 2014
Cyberချစ်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment