Tuesday, 8 July 2014

သူစွန့်ခဲ့တဲ့ နေ့ရက်များ
————————
တစ်ချိန်တစ်ခဏ အမှတ်တရလေးရယ်….
သူဘယ်သူ ကိုယ်ဘယ်သူ မသိသေးတဲ့
ကွန်ရက်ချိတ်ဆက်မှုအောက်မှာ
တစ်ယောက်ကိုတစ်ယောက်
စကားဖောင်ဖွဲ့ ဖလှယ်ရင်းပေါ့
သာယာမှုတွေနဲ့ နေ့ရက်ဆက်ခဲ့တယ်…
onlineလေးရဲ့ နွေးထွေးမှုတွေနဲ့
offlineလေးရဲ့အေးစက်မှုတွေကြား
တို့နှစ်ယောက် ဗျာများခဲ့ကြတဲ့
အမှတ်တရ G talk လေးရယ်…..
တစ်ယောက်နဲ့တစ်ယောက်
မြတ်နိုးစွာချစ်ခဲ့ကြတုန်း
ရင်ခုန်သံခြင်း ထပ်တူပေါ့
နှလုံးသားထဲကို လှုပ်နှိုးခဲ့တဲ့
စကားလေးတစ်ခွန်း ပြန်မြင်ရောင်ကြားရောင်မိတယ်….
ကိုယ်မချစ်တော့တဲ့ နေ့အထိချစ်သွားပါရစေတဲ့
passwordတွေ ဖလှယ်ရင်း
တစ်နေ့မှာ တူညီတဲ့ ချစ်ခြင်းတစ်ခု ကို
အသက်သွင်းဖို့သဘောတူခဲ့ကြတယ်..
ငါလေမိုက်ရူးရဲဆန်ခဲ့ပါတယ်…
ပုံအောပြီးချစ်ဖို့ငါ့နှလုံးသားကိုသူအမိန့်ပေးနိုင်ခဲ့လို့
သူမရှိတော့တဲ့offline နေ့ရက်တွေကြား
ငါဟာ မော်နီတာရှေ့မှာ
မင်းနဲ့ချစ်စကားဖလှယ်ခဲ့တာလေးတွေ
ပြန်ကြည့်ရင်း အငိုမျက်လုံးတွေဝေနေခဲ့တယ်..
တမ်းတခြင်းတွေငါ့ရင်ကို ပူလှောင်ရင်းနဲ့ပေါ့
ငါဟာမင်းရဲ့ Messageတွေကို မျှော်လင့်ရင်း
အွန်လိုင်းထဲမှာ ငါ့ အချစ်တို့ တဖြေးဖြေး
အသက်မဲ့ခဲ့ရပါပြီ…

No comments:

Post a Comment