Sunday, 13 July 2014

ခိုင်​မာတဲ့ သစ္စာတရား

ငါလေ. လှပတဲ့အိပ်မက်တွေအကြိမ်ကြိမ်မက်ခဲ့ဖူးပါတယ်...
နင်နဲ့ဝေးကွာခဲ့တဲ့ သုံးနှစ်တာမှာ  မတည်ငြိမ်တဲ့စွာနဲ့လဲ
ရင်ခွင်ပြောင်းချင်တဲ့ စိတ်ရိုင်းတွေဖြစ်ပြီး ထင်ရာစိုင်းး
လေလွင့်နေခဲ့မိတာ အမှန်ပါ သူငယ်ချင်းးရယ်..။
လူသားတိုင်း မျှော်လင့်ချက်မဲ့စွာနဲ့
မနက်ခင်းကို ကြိုဆိုချင်တဲ့ သူရယ်လို့ မရှိပါဘူးးးဟာ.
နင် ထွက်သွားတော့ ငါတယောက်ထဲအနာဂတ်ပျောက်ခဲ့သလိုပါပဲ..။
နင်မရှိတဲ့အချိန်မှာ ငါနှလုံးသားရင်းးပြီးး
အသည်းကွဲပုံပြင်လေးးတွေ  ရေးးခဲ့မိပါတယ်...။
ဒါပေမဲ့ဟာ.........
အခုချိန်မှာ အဲဒီခံစားချက်တွေဆိုတာ
ခေါင်းစဉ်မရှိတဲ့ ကဗျာတစ်ပုဒ်လိုဖြစ်ခဲ့ပါပြီ....။။။။။။။။။။။။။။။။  

ငါငိုတိုင်းး ...ငါနာကျင်တိုင်းး ငါ့နားကဖေးမခဲ့တဲ့နင့်လက်တွေကို..
တကယ်တမ်း ငါလိုအပ်တဲ့အချိန်မှာကမ်းပေးးခဲ့တဲ့ နင့်သံယောဇဉ်တွေကို..
နင်နဲ့ ဝေးးပြီးမှ ငါ ပိုတမ်းးတမိတယ်။။
သူငယ်ချင်းရေ....
နင်ပေးခဲ့တဲ့ နင့်ရဲ့ဒိုင်ယာရီလေးး ကို ဖတ်မိတိုင်းးး
နင့်အချစ်တွေအတွက် ငါကြည်နူးခဲ့မိပါတယ်....။
နင်မရှိတဲ့ချိန် ပျော်သလိုနေဖို့ နင်မှာခဲ့ပေမယ့်
ငါမိုက်မိခဲ့တာတွေ....နင့်ကိုအရွဲ့တိုက်မိခဲ့တာတွေကို
ငါ့ကို ခွင့်လွှတ်ပါဟာ....။။။။။။။။။။။။။။။။။။။။။
နင်ပြန်လာတဲ့နေ့က  တယောက်မျက်နှာတစ်ယောက်ကြည့်ရင်းး
ငါတို့ ငယ်ဘ၀ကိုသတိရလို့ ပြိုင်တူရယ်မောမိခဲ့ကြတာ
နှလုံးသားချင်း နားလည်နေခဲ့လို့လားးးးနော်..။
ငါ့လက်ကိုဆုပ်ကိုင်ပြီးး နင်ပေးခဲ့တဲ့ကတိတည်ပါတယ်နော်ဆိုတဲ့စကားး
ထပ်ပြောလိုက်တော့ င့ါရင်ထဲဗြောင်းဆန်လာတဲ့ခံစားချက်က
အချစ်ဆိုတာ ငါသေသေချာချာသိခွင့်ရခဲ့တယ်...။
နင်ပြောဖူးတဲ့ စကားးးတစ်ခွန်းးလေ...
နင်နဲ့ငါက သိတတ်စအရွယ်ထဲက ချစ်မှန်းမသိချစ်ခဲ့တဲ့
အနာဂတ်ရဲ့ ဖူးစာဖက်တွေပါ  တဲ့...။
နင့်ရဲ့တွဲလက်ဟာ  ငါ့အတွက် တစ်ဘ၀တာ ခိုင်မြဲမယ်ဆိုတာ
ငါ အသေအချာ ယုံကြည်ခဲ့မိပါ ပြီ သူငယ်ချင်းရေ.....။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်းးရေ.....
နင်အားပေးးခဲ့တဲ့  အကြင်နာစကားးတွေနဲ့
နင်ထွေးပွေးခဲ့တဲ့ နွေးထွေးတဲ့လက်အစုံဟာ
ငါ့ဘ၀ရဲ့ ခုံလှုံရာ ကောင်းးကင် တစ်ခုပါပဲ..။
နင်နဲ့အတူ ကြည့်ခဲ့ဖူးတဲ့ နေ၀င်ချိန်တွေကို ငါလွမ်းတယ်..။
မှောင်မိုက်တဲ့ညတွေမှာ ပြုံးပြတတ်တဲ့ကြယ်လေးးတွေကို
ငါချစ်သလိုမျိုးးး  သူတို့ထက်လှပတဲ့အပြုံးတွေနဲ့
ငါ့နားက ပေးဆပ်ချစ်နေတဲ့ နင့်ကိုပိုချစ်ပါတယ်...။
နင်ပြောသလိုပဲပေါ့....။
နင့်အချစ်က စိတ္တဇ ဆန်ပေမယ့် ကဗျာဆန်
မဟာဆန်ပြီးးး ကမ္ဘာတန်တဲ့ အချစ်တွေပါလို့
ငါ့ရင်ထဲမှာ စွဲမြဲစွာနဲ့ ယုံကြည်ထားးပါတယ် ဟာ.....။။။။။။။။။။။။။။
သစ်ရွက်လှုပ်တိုင်း ရယ်မောချင်တဲ့င့ါနှလုံးသားးက
တည်ငြိမ်ခဲ့ပြီမို့ အတိတ်ဆိုတာ အတိတ်မှာထားခဲ့ပြီးး
နင့်ရင်ခွင်မှာ ထာဝရ ခိုလှုံဖို့ ပြန်လာခဲ့ပြီမို့
အနာဂတ်ရဲ့ ဖူးစာဖက်လို့ နင်သတ်မှတ်ခဲ့တဲ့
ငါတို့ တွဲလက်အစစ်အမှန်အဖြစ်
တစ်ဘ၀စာ လက်တွဲသွားးးဖို့
ခိုင်မာတဲ့ သစ္စာတရားးးနဲ့   လျှောက်လှမ်းးသွားးကြပါစို့ဟာ...။။။။။။။။။။။။။။။။။။။

No comments:

Post a Comment