မိုး ….သဲသဲမဲမဲ ရွာနေချိန်မှာ
တိတ်တိတ်လေး အခန်းထဲ
ထိုင်နေချိန်။
လေအေးလေးတစ်ချက်ငါ့နားဆီက
ဖြတ်တိုက်သွားပြီး……… တိုးတိုးလေး
ညည်းသွားတယ်……… သူ အရမ်းကို အေးလွန်းပြီး
အထီးကျန်ဆန်နေတယ်တဲ့……
မိုးရေစက်တွေကြောင့်
ငါတို့ ရပ်တည်ရာ
မြေကြီးတွေလည်း
ချိုင့်ခွက်တွေနဲ့
အကျည်းတန်နေပြီဆိုတဲ့
သတင်းစကားလည်း
ပြောသွားလေရဲ့……
ပြီးတော့ သူ
ငါ့အနားက
ရေကြီးသုတ်ပြာနဲ့
ပြန်ထွက်သွားတယ်
ငါသူ့ကို ဘာမှ
မပြောလိုက်ရဘူး
ဒါပေမယ့်
ငါ့ပါးပြင်ပေါ်က
မျက်ရည်စက်တွေတော့
သူ မြင်ကောင်းပါရဲ့ ……..
မိုးသံတွေနဲ့ ငုပ်လျှိုးနေတဲ့
ငါ့ရင်ဘတ်ရဲ့ စည်းချက်မညီမှုတွေကိုလည်း
သူ သတိပြုမိကောင်းပါရဲ့…..
ငါ့ပါးစပ်က တိုးတိုးလေး
ညည်းနေတဲ့ စကားလုံးလေးကို
သူ ကြားမိကောင်းပါရဲ့……
No comments:
Post a Comment