Friday, 4 July 2014

ငါသိတာ​ပေါ့ နင်​မှ နင်​ဆိုတာ

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့ဘ၀ထဲနင်ရောက်လာပြီး

မုန်တိုင်းတစ်ခုလို

ငါ့ရင်ကို မွှေနှောက်

ငါ့ဘ၀ကိုခြောက်ခြားစေခဲ့တာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့ဘ၀ထဲ ငါမခေါ်ပဲ ရောက်လာပြီးတော့

ပျော်ရွှင်ခြင်းတွေဖန်ဆင်း

ငိုကြွေးခြင်းနဲ့နှစ်သိမ့်စေခဲ့တာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့စိတ်အတွေးထဲတစ်ချိန်လုံး

စိတ်တိုင်းကျနေထိုင်ပြီး

ငါ့သံယောဇဉ်ကိုမှမထောက်

မသိသလိုလှည့်ထွက်သွားတာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါသဘောကျပါတယ်ဆိုတဲ့အပြုံး

တစ်ချိန်လုံးပြုံးပြခဲ့ပြီးမှ

ငါ့ကိုအဲအပြုံးတွေနဲ့ပဲ

ပြန်သတ်ခဲ့တယ်ဆိုတာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ…………………….။

          ကာရံ

 

No comments:

Post a Comment