Saturday, 5 July 2014

နင့်​အတွက်​ကြယ်

အချစ်နဲ့ ရှင်သန်ဖို့ကို ကြိုနေတဲ့ မနက်ဖြန်မှာ ငါ ပျော်ပျော်လေးလွမ်းနေတယ် ချစ်သူရယ်

နင်မြင်အောင် မပြနိုင်သေးတဲ့ အနာဂါတ်တွေမှာတောင် နင်ပါနေတာ အသေအချာပါပဲ

ငါ နင့်အတွက် ကဗျာတွေရေးတတ်နေပြီဟာ    ဘ၀ဆိုတာတောင် နင့်ကြောင့် တခါတခါ ပိုခမ်းနားလာတယ်

အနားသတ်မပါတဲ့ အလွမ်းတွေဖြေဖို့ တခါတခါ ငါ နင့်အနားကပ်ပြီး နမ်းချင်တယ်

ဘ၀အတွက်ပါပဲ နင်က ငါ့အတွက် ငါ့ တသက်စာပါပဲဟ

ကြယ်တွေကြွေကျတာတောင် နင့်အတွက်လို့ တွေးတတ်လာတဲ့ငါ ကဗျာဆန်ဆန် ခုန်ချပစ်လိုက်တယ် ကလေးရယ်

ငါဆိုတာ နင့်အတွက် မြေခသွားတဲ့ကြယ်

No comments:

Post a Comment