Friday, 4 July 2014

ညီမ​လေးရယ်

ကိုယ်ချစ်တဲ့အကြောင်း ကိုယ်ရေးမယ်
ကိုယ်ချစ်တဲ့အကြောင်း နားမထောင်ချင်ရင်
ရေးထားတာလေး ဖတ်ကြည့်ကွယ်
တစ်ဖတ်သတ်လည်း ဖြစ်ချင်ဖြစ်မယ်
အတ္တလည်း ကြီးချင် ကြီးမယ်
ဘယ်လိုပဲဆိုဆို
နင့်ကို ရူးနေတယ်ဆိုတာ
မဟုတ်ဘူးလို့ ငြင်းလိုက်စမ်းပါကွယ်
ဟုတ်မှ မဟုတ်တဲ့အတွက်
နင်ငြင်းနိုင်မှာ မဟုတ်ပါဘူး
ဘာဖြစ်ဖြစ်လို့လဲဆို
ငါ့ အချစ် က သိပ်ဟုတ်လို့ပဲ   ။

လူကွယ်ရာ မှာ နင့်အတွက်ငိုနေတာ
ဒါဟာ ရှက်ဖို့ကောင်းလားကွယ်
လူမှ မရှိတာ ဒါဟာ ရှက်ဖို့မကောင်းမှန်းငါ သိတယ်
ဒါပေမဲ့လည်းကွယ်
ငါ့ပါးစပ်မှာ မျက်နှာ တစ်ခုသာ ရှိမယ်ဆို
ခေါင်းမဖော် နိုင်အောင် လျှောက်ကြွယ်ထားတဲ့ငါ
ဒီပါးစပ်ကြီးကို ဆွဲဖြုတ်မိမှာပဲ
မရ ရ အောင်ပါ   ။

တစ်ကယ်ပါ
တစ်ကယ်ပါ
ထပ်ပြောပါရစေ
တစ်ကယ်ပါ
နင်မကြားချင်မှန်းသိရက်နဲ့
လေကိုခွင်းလို့ငါပို့ထားတဲ့စကားတွေက
လေဆင်နှာမောင်းတွေ ဖြစ်လို့
နင်မသိတဲ့ငါ့ အရပ်မှာ
နှလုံးသွေးတွေ ဒုက္ခသည်ဖြစ်ကုန်တယ်
ဟား ဟား
ရယ်လိုက်စမ်းပါဦးကွယ် .  .  .
ငါမကြားချင်ဆုံးနင့်လှောင်ရယ်သံက တောင်
မိုးမမြင်ဖူးတဲ့ ငါ့နတ်ပြည်မှာ
ရေကာတာ ကျိုးသလို
နင်ဟာ တကယ်တတ်နိုင်ပါတယ်
ငါ့ရဲ့ တစ်ဦးတည်းသော ညီမ​လေးရယ်

No comments:

Post a Comment