Friday, 4 July 2014

နင်​မှ မသိခဲ့တာ

နင့်ရဲ့အနီးမှာ ငါရှိနေခဲ့ပေမယ့်

နင့်ရဲ့အပြုံးတွေထဲ ငါ…..လဲကျခဲ့တာ

နင်မှမသိခဲ့တာ…..။

နင်နဲ့ မျက်ဝန်းငါမဆုံရဲခဲ့ပေမယ့်

နင့်ရဲ့အကြည့်ထဲ ငါသေဆုံးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

နင့်နဲ့အတူစကားတွေပြောဖူးခဲ့ပေမယ့်

နင့်အသံတွေကြားတိုင်း

ရင်ခုန်ခြင်းတွေရှေ့ ဒူးထောက်ခဲ့ဖူးတာ

နင်မှမသိခဲ့တာ……။

နင့်အကြင်နာတွေနဲ့ မရင်းနှီးခဲ့ပေမယ့်

ခင်မင်မှုတွေအစပြုတိုင်း

စိတ်ကူးတွေနဲ့ ငါရူးခဲ့တာ

နင်မှမသိခဲ့တာ…..။

နင့်အချစ်တွေ ငါနားမလည်ပေမယ့်

တခြားတစ်ယောက်နဲ့ နင်ပျော်မြူးနိုင်ဖို့

ငါ့နှလုံးသားကို အကြိမ်ကြိမ်ငါစတေးပေးခဲ့ဖူးတာ

နင်မှမသိခဲ့တာ……
       ကာရံ

No comments:

Post a Comment