Friday, 4 July 2014

ငါမ​မျှော်​လင့်​ရဲ​ပေမဲ့ ​မျှော်​လင့်​ထားပါတယ်

နင့်အချစ်တွေ ငါ့အတွက်ဖြစ်စေဖို့
ငါမမျှော်လင့်ရဲခဲ့ပေမယ့်…..
ငါ့အချစ်တွေအားလုံး
ဒီတစ်ဘ၀ …နင်သာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့
ငါမျှော်လင့်ထားပါတယ်….။

နင့် နှလုံးသားတစ်ခုလုံး
ငါ့တစ်ယောက်တည်းနဲ့သာ  သက်ဆိုင်စေဖို့…
ငါမမျှော်လင့်ရဲခဲ့ပေမယ့်…..
နင့် အပြုံးအရယ်တွေအကုန်
ငါ့ကြောင့် လန်းဆန်းနေစေဖို့….
ငါမျှော်လင့်ထားပါတယ်….။

နင့်ရင်ခုန်သံတွေမှန်သမျှ
ငါ့ထံသို့ နီးကပ်နေစေဖို့…..ငါမမျှော်လင့်ရဲခဲ့ပေမယ့်…..
နင့်နာကျင်မှုဒဏ်ရာတွေ
ငါ့ကြောင့်ဖြေသာစေနိုင်ရန်
ငါမျှော်လင့်ထားပါတယ်….။

နင် ပိုင်ဆိုင်ထားသမျှ အကောင်းဆုံးအရာတွေ…
ငါထံစိုးမိုး….ငါကိုယ်တိုင်ချယ်လှယ်ခွင့်ရဖို့
ငါမမျှော်လင့်ရဲခဲ့ပေမယ့်…..
ငါ ပေးဆပ်ခွင့်ရသမျှအလုံးစုံဟာ
နင့်အတွက် ခဏတာလေးဖြစ်ဖြစ်
တခမ်းတနားဖြစ်နေစေဖို့…..
ငါမျှော်လင့်တယ်…..။  

နင့်ရဲ့ ဂရုစိုက်တတ်ခြင်းတွေ
ငါ့ကိုရည်ရွယ် အစဉ်အမြဲ
ပျော်ရွှင်ခွင့်ရလိမ့်မယ်လို့
ငါမမျှော်လင့်ရဲခဲ့ပေမယ့်……
ငါ့ရဲ့ ဆုတောင်း…..စေတနာထားခဲ့မိခြင်းအထွေထွေတွေဟာ
နင့်နေ့ရက်တွေတိုင်းအပေါ်
တိုက်ရိုက်သက်ရောက်နေစေဖို့
ငါမျှော်လင့်ထားပါတယ်….

No comments:

Post a Comment