ငါ့ရင်ထဲက ထွက်မသွားဘူးဆိုရင်
နင်လိမ်ညာသမျှ
ငါ..ခေါင်းညိတ်ပါ့မယ်။
ငါ့ရင်ထဲက ထွက်မသွားဘူးဆိုရင်
နင်ရက်စက်သမျှ
ငါ..ရင်ကွဲခံပါ့မယ်။
ငါ့ရင်ထဲက ထွက်မသွားဘူးဆိုရင်
နင်အနိုင်ယူသမျှ
ငါ..အရှုံးပေးပါ့မယ်။
ငါ့ရင်ထဲက ထွက်မသွားဘူးဆိုရင်
ငါ့အချစ်ကို စော်ကားလည်း
ငါ..ကျေနပ်ပေးပါ့မယ်။
ဘာဖြစ်ဖြစ်ပါ….
နင့်လုပ်ရပ်မှန်သမျှ
ငါ ကျေနပ်လက်ခံပေးပါ့မယ်။
ဒါပေမယ့်..
မင်းတော့ ထွက်မသွားနဲ့နော်
မင်းထွက်သွားရင်…
(သေချာတယ်)
ငါ တကယ် ရှင်လျက်နဲ့သေမှာ...
ကာရံ
No comments:
Post a Comment