Tuesday, 8 July 2014

တိတ်​ဆိတ်​မှု့နဲ့ ​ခြွေခဲ့တဲ့ ငါ့ရဲ့ ​နွေ

အရောင်မပါတဲ့
လေပြည်တွေနဲ့
ငါ့ရင်ကို တိုက်ခတ်တိုင်း
ရင်ခုန်သံတွေ
ခဏခဏ လဲပြိုနေတာ
ငါ့ကိုယ်ငါပဲသိတယ် ချစ်သူ…။

တရွေ့ရွေ့ သွားနေတဲ့
နာရီလေးကို ငေးမောရင်း
ဘာမှန်းမသိတဲ့
တမ်းတမှု့တစ်ခုကို
ငါ လွမ်းဆွတ်နေတတ်ပြီ…

”အုံ့ပုံးအချစ်” တဲ့..
ပြောရလွယ်သလောက်
ခံစားရခက်တဲ့ အရာတွေထဲမှာ
သူလည်းပါတယ်။

ပြောချင်ပေမယ့်
ပြောခွင့်မရခဲ့သလို
ပြောခွင့်ရပေမယ့်
မပြောရဲခဲ့တဲ့ ငါ့အချစ်ကို
သူရဲဘောကြောင်တယ်လို့
နင် ထင်ချင်ထင်လိမ့်မယ်..

ဟုတ်ပါတယ်..
ငါဟာ နင်နဲ့ပတ်သတ်ရင်
မစခင်ကတည်းက
ရှုံးနိမ့်နေခဲ့သူပါ။

မျက်ရည်ကျပြပြီး
လွမ်းရမှာထက်
ရင်ထဲမှာပဲ
ဘယ်သူမှမမြင်အောင်
ငိုနေရတာက
ပိုပြီးကောင်းမယ်ထင်ပါတယ်။

မျှော်လင့်ချက် လမ်းခွဲတွေနဲ့
ငါရပ်နေခဲ့တော့မယ် ချစ်သူရယ်…….

No comments:

Post a Comment