Saturday, 12 July 2014

တဖန်​ပြန်​ချစ်​နိုင်​မှာလားးး?

မချစ်ဖူးသေးတဲ့
အချစ်ရူးရဲ့ နှလုံးသားကို

ကြင်နာတယ်ဆိုပြီး
အယောင်အဆောင် အချစ်တွေနဲ့
ချစ်သွားတဲ့ နင်ကိုလေ
အပြစ်မတင်ရက်ပါဘူး...........

ထာဝစဉ်ချစ်မယ်လို့ဆိုတဲ့
ငါရဲ့စကားကို.မင်းကြားနိုင်အောင်
ပြောခွင့်မရှိတော့လို့
အသဲကွဲဝေဒနာကို ခံစားရင်း.....

ကောင်းကင်ပြာပြာကို ကြည့်ပြီး
မမြင်ရတဲ့ ဟိုအရင်က ချစ်သူကို
နာမည်တပ်ပြီး အော်ပြောလိုက်ချင်တယ်...

တစ်ချိန်က အတူဆုံခဲ့တဲ့
နေရာဟောင်းတွေကို
အမြဲသတိရနေတယ်. ချစ်သူရယ် .......

အသစ်မရှာချင်သလို
မင်းကိုလဲ မမေ့ပစ်နိုင်တာ ..အမှန်ပါ...
တစ်နေ့ပြန်ဆုံကြမယ်ဆိုရင်...........

အသစ်မရှိလို့...အချစ်ရှိမယ်ဆိုရင် တဖန်ပြန်ချစ်နိုင်မလား...ချစ်သူရယ်....

No comments:

Post a Comment