အော် … အချစ်ဆိုတာကိုသိလာချိန်မှာတော့
ဝေးကွာခြင်းတွေကိုမိတ်ဆွေဖွဲ့ .. အလွမ်းတွေကိုသူငယ်ချင်းလုပ်လို့
ချစ်သူရဲ့ပုံရိပ်လေးကို စိတ်ကူးလေးထဲမှာပုံဖော်ခဲ့မိပေမဲ့
ပီသ ညီမျှတဲ့ အဖြေကိုရှာလို့ မရနှိုင်သေးဘူး … ချစ်သူ .။
ငါဟာ တစ်ခါတစ်ခါ
ငါ့ကိုငါရော သတိရမိရဲ့လား
အချိန်တိုင်း “ ချစ်သူ ” ဆိုတဲ့ မင်းကို အဆတ်မပြတ်တမ်းတနေတာ
ကြားရောကြားရဲ့လား .. ချစ်သူ .။
ငါဟာ တစ်ခါတစ်ခါ
ဥယျဉ်မှုး တစ်ယောက်လား
ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို
နွမ်းသွားမှာဆိုးလို့ အရိပ်တစ်ကြည့်ကြည့်နဲ့နေခဲ့တာ
အဲတာရော မင်းသိရဲ့လား .. ချစ်သူ .။
ဆုံဆည်းခွင့်ကို မျှော်လင့်မိတဲ့ .. ငါ
ရက် လ နှစ် ဆိုတဲ့ အချိန်ကိုတော့
ရေတွက် ကန့်သတ်ပိုင်ခွင့်ရှိတယ် ..။
ပိုင်ဆိုင်ခြင်းကို တမ်းတနေမိတဲ့ .. ငါ
အဝေးရောက်နေပေမဲ့ ကိုချစ်တဲ့ချစ်သူကိုတော့
ရင်ထဲမှာ ထာဝရ လွမ်းနေပိုင်ခွင့်ရှိတယ် ..။
ချစ်ခွင့်တစ်ခုထဲနဲ့ အဝေးကနေကျေနပ်နေတဲ့ .. ငါ
မင်းနဲ့ ဆုံနှိုင်ခွင့်ကိုတော့ မျှော်လင့်ခွင့်ရှိတယ် .. ။
ဒါပေမဲ့ .. ခုချိန်ထိ
ငါ့ရဲ့အိမ်မက်ပန်ချီကားကို အသက်မသွင်းနှိုင်သေးဘူး ဖြစ်နေတယ်
ဒီအသက်မဲ့နေတဲ့ ပန်ချီကားတစ်ချပ်ကို .. ပြန်ဆုံမဲ့တစ်နေ့ကျမှ
အပီအပြင် အသက်သွင်းပြမယ် .. အပီအပြင်ပုံဖော်ပြမယ်
စောင့်နေပေးပါ ငါပြန်လာမဲ့တစ်နေ့ပေါ့ … ချစ်တဲ့သူ
Tuesday, 8 July 2014
သို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment