Friday, 4 July 2014

တဘ၀စာ

တနေ့နေ့တော့
သှူုနှုတ်ခမ်းလခြမ်းကွေးလေးထက်က
သူ့အပြုံးလေးတွေ . .
တခါပြန်. . ငေး ခွင့် ရ။

တနေ့နေ့တော့
သူ့အပြုံးတွေထဲက. .အမုန်းတွေဖယ်ခွာလို့
သူ့အနမ်းတွေ . .
တခါပြန်. . တွေး ခွင့် ရ။

တနေ့နေ့တော့
သူ့အနမ်းတွေနဲ့ လက်ကမ်း
သူ နဲ့ အတူဆိုတဲ့ အိပ်မက်များစွာ မှန်း ခွင့် ရ။

တနေ့နေ့တော့
သူနဲ့အတူအိပ်မက်များမှ အနာဂတ်လမ်းတွေလှမ်း
ဘ၀လမ်း အတူဖြတ်လို့
ရာသက်ပန်ချစ်အနမ်းတွေနဲ့
သူ့နှုတ်ခမ်းတွေ ပန်း ပွင့် စေ။

တနေ့နေ့တော့
သူ့အတွက် အလွမ်းတွေ တနင့်တပိုးထမ်း
ရင်ခွင်ထဲ အဆိပ်သင့်အနမ်းတချို့နဲ့
သူ ပြန်လှမ်းလာဖို့ ဆုတောင်းတို့ ပြည့်စုံ
လက်ချင်းတွဲ အစွဲအလမ်းတွေထဲ
ထာဝရခိုင်မြဲသွားမယ့် အလွမ်းတို့နဲ့
ကမ္ဘာပျက်တဲ့ထိ အနမ်းတွေ ဆက်
သူ့အပါးခစားခွင့်တို့ မူပိုင်ရ လို့
သူ့ကို . . .တဘ၀စာ သိမ်းပိုက် ခွင့်ရပါရစေ

No comments:

Post a Comment