Friday, 4 July 2014

တိုင်​ကြားချက်

တိုင်ကြားချက် (၁)
   ဗီးနပ်စ်တစ်ပါးက
   ရင်ထဲတိုးဝင်
   ဗိုင်းရပ်စ်တစ်ချို့
   ကျဲဖြန့်ခဲ့ရဲ့။

တိုင်ကြားချက် (၂)
   ခံမပြင်းပဲနေမလား
   ရင်ခွင်တစ်ခုလုံး
   စတေးပေးလိုက်ရတာ
   အခု….. ခပ်ညံ့ညံ့
  ကဗျာစာသားတချို့ပဲ
  ငါ့အတွက် ကျန်ရစ်တယ်။

တိုင်ကြားချက် (၃)
 တဖြည်းဖြည်း
 ဆွဲခေါ်သွားတယ်။
 ဆေးခပ်ခဲ့သလိုပဲ။
 အချစ်နွံထဲ သွေးဆောင်မှုပေါ့
 အရေးယူပေးကြပါရန်………

တိုင်ကြားချက် (၄)
   အလွမ်းမိုးစွေခဲ့တာတောင်
  ထီးတစ်လက် အငှားမပေးဘူး…..
  ထစ်ချုန်းသံနဲ့ အိပ်မက်တစ်ခု
  ပြိုလဲ…… ဒါလဲ…….
  သူ…… မသိ။

တိုင်ကြားချက် (၅)
  ကဗျာတွေ စိုက်ပျိုးခဲ့ပါရဲ့
  သူ့အတွက်လို့ ခေါင်းစဉ် တပ်ခဲ့တာပဲ
  ရေလောင်းဖေါ်မရတဲ့ အပြင်
  လှောင်ရယ်သွား …….
  ဖောင်တိန် အသွားလဲ
  မသွက်တော့ မှင်လဲခမ်းပြီ။

တိုင်ကြားချက် (၆)
  အချစ်တစ်ခု… ဖန်ဆင်းမယ်ကြံမှ
  ရှယ်ယာဝင်ဖေါ်မရ
  နှလုံးသားတောင် မဲ့ရွဲ့သွားတယ်။
  ပထမဆုံးမို့
  ခွင့်လွှတ်ခဲ့ပေမယ့် ပြန်လှည့်ကြည့်မိတော့ 
  အနာဂတ်အတွက် ရှေ့ဆက်ရမယ့်
  နာရီလက်တံတွေ အသွားရပ်သွားတယ်။

တိုင်ကြားချက် (၇)
  အရိုးသားဆုံး၊ အဖြူစင်ဆုံး
  အချစ်မေတ္တာစစ်စစ် ပေးအပ်ခဲ့လည်း
  အတုအယောင် အပြုံးတစ်ခုတောင်
  ငါ့အတွက် မချန်ထားပေးဘူး။
  ရင်ခွင်ဗလာ
  ခံစားချက် နတ္ထိနဲ့
  ငါ့ဆီ လာနေတယ်။

  အရေးယူပေးကြပါရန်။………………….

No comments:

Post a Comment