Friday, 4 July 2014

အကျဉ်းခံနှလုံးသား

တစ်သက်စာ ပျော်ရွှင်စေဖို့
တစ်ဘက်မှာကျန်ရစ်ခဲ့တာပါ
လှည့်မကြည့်ပါနဲ့ကလေးရာ
(ငါ့မျက်ရည်တွေဟာ)
မင်းတွေဝေစရာ မဖြစ်စေဖို့ပါ။

ဆက်သွားပါချစ်သူရာ၊ ပျော်ရွှင်စွာနဲ့ဆက်သွားလိုက်စမ်းပါ
နင့်ဘ၀ရွက်နုဝေဖို့
နှလုံးသားတွေကွဲကြေလျက်
ငါနှုတ်ဆက်လိုက်ပါတယ်။

မလုံလောက်သေးဘူးလား
ယူသွားပါ၊ ယူသွားလိုက်စမ်းပါချစ်သူရာ
ငါ့အချစ်၊ ငါ့အတ္တ၊ ငါ့မာန၊ ငါ့ဘ၀ကိုပါ
(အိုကွာ အကုန်လုံး)
နင်ယူသွားစမ်းပါချစ်သူရာ။

နင့်အမုန်းတွေပေနေပေမယ့်
ငါ့အချစ်တွေ ရှင်သန်လျက်ပါ
နင်မသုံးတော့ဘူးဆိုရင်တောင်
လုံခြုံအောင်ပိတ်လှောင်ထားလိုက်ပါ
သံသရာများစွာ၊ ဘ၀များစွာထိ
(လူမသိ သူမသိ)
ငါ့အချစ်တွေသေဆုံးတဲ့အထိပေါ့

No comments:

Post a Comment