Tuesday, 8 July 2014

အဲ့ဒါချစ်​လို့

ချစ်သူ …

အချစ်ဆိုတာ ဘဝနှစ်ခုပေါင်းစပ်မိတဲ့အခါ

အရမ်းပြင်ထန်ပြီး လှိုင်းတွေပုတ်ခတ်တက်တဲ့

ပင်လယ်ပြင်ကြီးနဲ့ တူလာတက်တယ် …ချစ်သူ

ချစ်သူနှစ်ဦး ဆုံတွေ့တဲ့အချိန်မှာတော့

ပင်လယ်ပြင်ကြီးကို ငြိမ်သက်တိတ်ဆိတ်သွားစေတယ်

မုန်တိုင်းတွေကို  လေပြေဖြစ်စေတယ်

ကြမ်းကြုတ်မှုတွေကို  နှုးညံ့စေတယ်

ရိုင်းစိုင်းမှုတွေကို  ပျော့ပျောင်းစေတယ် ….ချစ်တဲ့သူ

ချစ်သူနဲ့ကို  အချိန်တိုင်း ( အမြဲတမ်း ) မတွေ့ဖြစ်ပါဘူးနော်

ဒါပေမဲ့ …..အမြဲတမ်းသတိရနေတယ် ..

ချစ်သူက ကောင်းကင်ကထိန်ထိန်သာတဲ့ လမင်းကြီး မဟုတ်ပါဘူး

ဒါပေမဲ့ … ကို့ဘဝကိုတော့ အလင်းရောင်လေးတွေပေးစွမ်းနှိုင်တယ် …

ချစ်သူ …..ကို့ကိုခွင့်မတောင်းခဲ့ဘူး

ဒါပေမဲ့ …. ညတိုင်းကို့ရဲ့အိမ်မက်ထဲချစ်ပုံရိပ်တွေနဲ့ပြည့်နှက်နေတယ် ….

ချစ်သူနဲ့ကို … ( အမုန်း ) ဆိုတဲ့ စကားကိုယောင်လို့တောင်မသုံးကြဘူး

ဒါပေမဲ့ …. အနေဝေးလို့ ဝေးသွားမှာတော့ကြောက်တယ် … ချစ်တဲ့သူ

မှတ်ထား …….. အဲဒါ …..    ချစ်လို့

No comments:

Post a Comment