လက်ခံတဲ့ လက္ခဏာတွေအတွက်
မနက်ဖြန်အတွက် သက်သာရာရခဲ့ပေမယ့်
တစ်ရာမကတဲ့ လက်ကျန်ရက်တွေမှာတော့
ဆက်ရန်မဲ့ခဲ့ပြီပေါ့ ခင်ရေ…။
ချစ်ရသူအတွက် ရည်စူးလို့ပေါ့
စေတီဦးမှာ တောင်းဆုခြွေလိုက်တယ်..၊
ကောင်းမှုတွေရဲ့ အကျိုးများ
ခင်ခံစားရမယ် ထင်လို့လေ..။
မပြီးဆုံးသေးတဲ့ သံသရာမှာ
ဘဝတွေခြားနေလို့
အနီးဆုံးနဲ့ ပြန်လာကာ
ငါ့အနားရှိစေဖို့
အခုနေဝေးကြရတာ
အားတင်းထားပေါ့..။
ခင်မသိတော့တဲ့ ဘဝမှာ
ခင်မသိတော့တဲ့ ခဏမို့
အလှတစ်ချို့ အသစ်ရှာကာ
ဒီဘဝအဖို့ ချစ်နေတာကိုတော့
(ချစ်သူ…..)
နင်ခွင့်လွှတ်တော့….။
No comments:
Post a Comment