ချစ်သူရဲ့အကြည့်တစ်ချက်ဟာ
ကို့အတွက်..ပျော်ရွှင်စရာတွေဖန်တီးပေးနှိုင်လို့
ခဏလေးဖြစ်ဖြစ်ကို့ကို..စိုက်ကြည့်ပေးပါ…နော်..
ချစ်သူရဲ့စကားလေးတစ်ခွန်းဟာ
ကို့အတွက်…အားအင်တွေဖြစ်စေတာမို့
စကားလေးတစ်ခွန်းလောက်ဖြစ်ဖြစ်…ပြောပေးပါနော်..
အဲဒီအကြည့်တွေ..အဲဒီစကားတွေနဲ့..
မနက်ဖြန်ဆိုတာကြီးကို…ကိုကျော်ဖြတ်ရမယ်လေ…ချစ်သူ.
No comments:
Post a Comment