Saturday, 5 July 2014

မတန်​လိုက်​တာ

နင်…မလိုအပ်ဘူးဆိုရင်
အစတည်းက ငါ့ကို
ဆွဲမခေါ်ပါနဲ့လား။
 
နင်…ဖယ်ချထားခဲ့ဖို့ဆိုရင်
အစတည်းက င့ါကို
လှမ်းမခေါ်ပါနဲ့လား။

နင့်အတွက် အသုံးမ၀င်ဘူးဆိုရင်
အစတည်းက ငါ့ကို
အိပ်မက်တွေ ပေးမမက်ပါနဲ့လား။

နင့်အတွက် ဟာသတစ်ပုဒ်ဆိုရင်
အစတည်းက ငါ့ကို
အလွမ်းတွေ သင်မပေးပါနဲ့လား။
 
အခုတော့…
နင် လှမ်းခေါ်လို့
လာခဲ့တဲ့လမ်း
ပြန်လမ်းမသိအောင်
ညဥ့်နက်လိုက်တာ
နင် ခဏတာပျော်ဖို့
တစ်ဘ၀စာ
ငါ့အသည်းနှလုံးကို
ရင်းပေးလိုက်ရတယ်လို့ကွာ။
တောက်!
မတန်လိုက်တာ​ဗျာ

No comments:

Post a Comment