Tuesday, 8 July 2014

ခဏ​လောက်​​စောင့်​​ပေးပါ

ချစ်ကိုအရမ်းချစ်တဲ့အချစ်တွေ
ချစ်နဲ့တွေ့မှပေးရမှာမို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ခုပေးနေတဲ့ ဂရုစိုက်မှုလေးတွေထက်
ပိုပြီး ဂရုစိုက်မှုလေးတွေပေးချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုတန်ဖိုးထားတဲ့
ကိုတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ အတွက်
ကြိုးစားမှုလေးတွေပြချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
“ အရမ်းချစ်တာပဲ ချစ်သူရယ် ”
ဆိုတဲ့စကားကို ချစ်သူရဲ့ နားလေးအနားကပ်ပြောချင်လို့
ခဏလောက်စောင့်ပေးပါ …. ချစ်သူ
ကို့ရဲ့ မပြည့်စုံသေးတဲ့ဘဝကို
ပြီးပြည့်စုံအောင် ပြင်ဆင်နေချိန်မို့လို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
တစ်ချိန်မှာ ချစ်သူဆီအရောက်လာမယ်ဆိုတဲ့
စိတ်ကူးလေးကို အကောင်အထည်ဖော်နေလို့
ခဏလောက်စောင့်ပေးပါ … ချစ်သူ
ကိုလိုချင်တာတွေ အားလုံးမရခဲ့ရင်တောင်
ရသလောက်လေးနဲ့ပဲ ပျော်ရွင်စွာနဲ့
နှစ်ယောက်တည်းကမ္ဘာလေးကို တည်ဆောက်ချင်လို့
ခဏလောက်စောင့်ပေးပါ … ချစ်

No comments:

Post a Comment