Tuesday, 8 July 2014

ချစ်သူ …

ချစ်က ကို့အတွက် နန်းထိုက်တဲ့တော်ဝင်သဇင် မဖြစ်ရင်နေပါစေ

စပယ်ပန်းလေးလို အရမ်းဖြူစင်တဲ့ အချစ်တွေပေးရင်

ကိုကျေနပ်ပါတယ်  …. ချစ်သူရယ်

ချစ်သူ …

အရမ်းကောင်းတဲ့ ဘရာဇီးကော်ဖီ တို့

ပီကင်းဘဲကင်တို့ မလိုပါဘူး  … ချစ်သူ

ချစ် ..ချက်ကျွေးတဲ့ ပဲဟင်းပူပူလေးနဲ့

ရေနွေးကြမ်း ပူပူလေးဆိုရင်

ကိုကျေနပ်ပါတယ် ….. ချစ်သူရယ်

ချစ်သူ ….

စားကောင်းသောက်ဖွယ်တွေ မလိုအပ်ပါဘူး .. ချစ်သူ

လသာတဲ့ညတွေမှာဆိုရင်

အိမ်ရှေ့က ခုံတန်းလေးမှာထိုင်

ချစ်လက်ကလေးကိုကိုင်ပြီး ကောင်းကင်ကလမင်းကြီးကိုထိုင်ကြည့်

ကြယ်လေးတွေရေတွက်လို့ ချစ်သူရဲ့အနားနားနေရရင်

ကိုကျေနပ်ပါတယ် … ချစ်သူ

ကိုနေမကောင်းဖြစ်တဲ့အခါ

အရမ်းကောင်းတဲ့ ဆေးရုံတို့ ဆေးခန်းတို့ မလိုပါဘူး ..ချစ်သူ

ချစ်ရဲ့ နွေးထွေးတဲ့ လက်ကလေးနဲ့ ကို့နဖူးလေးကိုစမ်း

ချစ်တိုက်မဲ့ ငန်းနီကျော် နဲ့ အခိုးပွင့်ဆေးလေးသောက်ရရင်

ကို့ဘဝ ….

သေဆိုရင်လဲ သေပျော်ပါပြီ … ချစ်သူရယ်

No comments:

Post a Comment