အထီးကျန်တယ် ဆိုပေမယ့်
အကျည်းမတန်သေးပါဘူး။
အိပ်မက်တွေ အရောင်မထွက်တော့ပေမယ့်
မဟောင်းနွမ်းသေးပါဘူး။
အနာဂတ်တွေ စောင်းနေပေမယ့်
ပဲ့မထွက်သေးပါဘူး။
ပျော်စရာဆိုတာ
ငါ …
မသိသလောက်ကို ရှားပါးပါတယ်။
မင်းနဲ့ပတ်သက်ရင်ပေါ့.
ဂျူလိယက်မေးရင်လည်း
အရမ်းကို ချစ်ခဲ့တယ်ဆိုတဲ့
အဖြေ ငါ့ မှာ ၇ှိသလို့
ဒသဂီရိမေးရင်လည်း
ဆုံးရှုံးခဲ့ဖူးတယ် ဆိုတဲ့
အဖြေလည်း ရှိပါတယ်။
ဘာပြောမလဲ၊ဘာမေးမလဲ
ဒါပေမယ့် …
မင်းတော့ လာမမေးနဲ့
No comments:
Post a Comment