Friday, 4 July 2014

နှလုံးသားတစုံရဲ့ ဆန္ဒ

မစွတ်စွဲပါနဲ့ .. ..

မဆိုင်တော့ ပါဘူး..

ဟိုးးအရင်ကလို

သူနဲ့ ငါ..(လုံးဝ)

မဟုတ်ပါရပါဘူး…

နင်ထင်သလို

မပြောတော့ ပါဘူး…

ဒီစကားတွေကို (အထပ်ထပ်)

မတန်တော့ ပါဘူး..

နင်နဲ့ ငါ့ ရဲ့ ဘ၀…

မကြားရဲဘူး..

(ညနေ) နင်ဖုန်းဆက်၇င်

ရန်တွေ့ မယ့် အသံ.. :(

မဝေးတော့ ဘူး

နင်အမြဲတမ်းပြောတဲ့ စကား..

မကြာတော့ ပါဘူး.

သူအမြန်ပြန်လာမယ်တဲ့ ..

မမေးတော့ ပါဘူး..

စိတ်ဆိုးမှာစိုးလို့ .

မ​ရေရာပါဘူး..

ငါတို့ နှစ်ယောက်ဘ၀..

မသေချာပါဘူး

ရှေ့ဆက် အနာဂါတ်လမ်းများ..

မကြာတော့ ဘူး

နိဂုံးချုပ်တော့ မယ် ..

No comments:

Post a Comment