Monday, 1 September 2014

နင့်​ကို သိပ်​ချစ်​တယ်

နင်မရိုးသားတော့ဘူး
  ဆန်းပြားစကားဆိုချင်နေတယ်
  ဒီလိုရယ်ပြောလာတော့
  ငါအံ့သြမိပေါ့
  မရိုးတဲ့စကား
  ကြားချင်လျင်ပြောချင်ပါ့
  ခဏလေးနော်
  မမြင်ခဏ စိတ်အလိုမကျ
  တမ်းတလိုတမ်းတ
  မြင်စဉ်ခဏ
  စိတ်အလိုကျ
  အရာရာပြီးပြည့်စုံရ
  စိတ်ချမ်းသာလျင်မျှဝေချင်
  သခင့်ဆီကိုသာ
  သူစိတ်နွမ်းလျတဲ့အခါ
  အားပေးနေကြလေ။

  မျက်လုံးချင်းဆုံ
  ရင်သိမ့်သိမ့်ခုန်
  ဆုံနေကြအမြဲ
  ဘာမှလည်းမပြောရဲ
  စိတ်ထဲကပဲရှိနေတယ်
  လူတကာတွေပြော
  မမောနိုင်ကြဘူး
  သခင့်ကိုပြောပြဖို့ကြတော့
  နှုတ်ကဆွံ့အ
  စကားအသုံးကိုရွေး
  ဆန်းသစ်တာလေးဖြစ်ချင်တယ်
  ဝေါဟာရနယ်ကိုမွှေနှောက်ရှာ
  အချိန်ကြာသူစိတ်ကောက်
  မစီးနိုင်တဲ့မြောင်းတဲ့
  ချောက်ချားသွားတဲ့စိတ်
  ထိတ်ကနဲဖွင့်ဟဖြစ်
  နင့်ကို...သိပ်ချစ်တယ်;;
        ကာရံ​လေး

No comments:

Post a Comment