Monday, 1 September 2014

ချစ်​သူဖတ်​ဖို့


ချစ်သူ....

သတိရစိတ်တွေပိုပိုတိုး
ရင်​ထဲမှာ နွေလိုမျိုးပဲ
ပူပြင်းလောင်မြိုက် လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်​မိုက်​လို့လေ...

ဝေးနေတဲ့ခါ.. တစ်စက္ကန့်ကို တစ်ကမ္ဘာထင်​တတ်သူမို့
အရာရာကိုစ​တေး..
ငါ့အနားမှာမင်းရှိနေဖို့ပဲ အ​ရေးကြီးပါတယ်....

ငါ့မနက်ဖြန်တွေလည်း
မင်းကိုချစ်တဲ့ အချစ်နဲ့
လှပ​နေတတ်ပြီမို့
စိတ်မချတဲ့အ​တွေး
နည်းနည်းမှမ​မွေးပါနဲ့နော်…

ဘာလို့လဲဆို.......
မင်းမျက်နှာညိုရင်
ငါ့ကမ္ဘာတစ်ခါပြိုတယ်လေ

ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့
လက်ကို ခိုင်​ခိုင်​တွဲ
အခက်အခဲတွေကို
ရင်​ဆိုင်​တိုက်ပွဲ ဆင်နွှဲကြမယ်

တစ်ယောက်ကိုတစ်ယောက်ထူမတ်
တစ်ယောက်နဲ့တစ်ယောက်ကျောချင်းကပ်လို့
ဘ၀ရဲ့နက်နဲတဲ့ပုစ္ဆာ
ငါတို့တွေအ​ဖြေရှာကြမယ်

အ​ပေးအယူမျှတ အချင်းချင်းဖေးမလို့
ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ် နားလည်မှုတွေနဲ့ခရီးဆက်ကြမယ်​...

သံသရာ အဆက်ဆက်
လက်တွဲဖော်​ ပါရမီဖြည့်ဘက်အဖြစ်​ မင်းနဲ့အတူဆို......
ဘယ်တော့မှငါ့စိတ်မှာမငြိုငြင်​ဘူး​လေ....

No comments:

Post a Comment