ခါဝသာန်ရဲ့
မိုးစက်ပွင့်တွေနဲ့အတူ
အလွမ်းမျက်ရည်ဖြစ်ခဲ့ပြီ။
ဆောင်းဟေမာန်ရဲ့
နှင့်ပွင့်ကြားမှာ တုန်ရီနေတဲ့
နင့်နှုတ်ခမ်း တစ်စုံအောက်က
ငါအတွက်အဖြေမှန်လဲ
မရခဲ့ပါလားနော်.......
အခုဆို-----
ဆောင်းဟေမာန်လဲကုန်ဆုံးလု
လတပေါင်းရဲ့လေပြေလေညှင်း
လေးတွေကတဟူးဟူးနဲ့ပေါ့
နွေဦးကာလရဲ့
ပူပြင်းခြောက်သွေ့လှတဲ့
ကြိုဆိုမှုတွေက
ငါအတွက်....
အိပ်မက်ဆိုးများလား
ဒါပေမဲ့ကွယ်
ကံကြမ္မာကို
အပြစ်မဖွဲ့လိုပါ
နင်ကြင်နာတဲ့နေ့
ငါ့ဘဝရဲ့
လမ်းပြကြယ်တစ်ပွင့်
အဖြစ်ရပ်တည်ပေးရင်
နင်ဟာငါ့ဘဝရဲ့
အလင်းသခင်ပေါ့
ချစ်သူရယ်
No comments:
Post a Comment