လေတဟူးဟူးထဲ ကိုင်းပင်တွေ
နှုတ်ဆက်တေးဆို ကညာပျိုလို
နွဲ့ကာယိမ်းကာနဲ့
အညတရစမ်းချောင်းလေးနံဘေး
သူ့ရဲ့မျက်ရည်ကိုသုတ်
ငါ့ရင်မှာ ပ၀ါအစုတ်စည်းပေးလိုက်တယ်
အနမ်းတစ်ပွင့်နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူ
ဘယ်အရာ ကို ဘာကပြန်စ
သေချာမှုအခန်းဗလာမှာ
စိတ်လှုတ်လှုတ်လေးပြုတ်မကျမီ
ဒုံးဆိုင်းရူံးထွက်ခဲ့လေပြီ
ငါလေ...... ပြေးရင်းနဲ့ ငို၊
ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့
ဟိုးအဝေးဆီကငါ့ကိုချစ်သော
ငါ့ချစ်သူ သောင်ပြင်မှာလူးနေခဲ့ပေါ့...။
No comments:
Post a Comment