Monday, 29 September 2014

ပေးဆပ်​ခြင်းဖြင့်

ချစ်သူ
မင်းပျော်ရွှင်နေတာမြင်ရရင်
အဝေကနေကြည့်ရင်း
ငါကြည်နူးတယ် ချစ်သူ....
မင်းငိုနေရင်လေ
မင်းရဲ့ဘေးနားနေပြီး
အားပေးနှစ်သိမ့်နေချင်တယ်
ငါ့ရင်မှာတလှိုက်လှိုက်
ပေါက်ဖွားနေတဲ့
ငါ့ချစ်ခြင်းများစွာကို
မင်းအသိအမှတ်မပြုရင်တောင်
မင်းအတွက် အရာအားလုံး
အဆင်သင့်ရှိနေချင်တယ်
နွေအခါဆိုရင် ငါက မင်းအတွက်
အေးစေဖို့ယပ်တောင်လေးပေါ့
မိုးတွင်းရောက်လာရင်တော့
ငါက မင်းအတွက်
မိုးမစိုစေဖို့ထီးလေးပေါ့
ဆောင်းရောက်လာပြီဆိုရင်
ငါက မင်းအတွက်
နွေးထွေးစေမဲ့ မီးလင်းဖိုလေးပေါ့
ဒီလို အေးမြမှု့လုံခြုံမှု့
နွေးထွေးမှု့လေးတွေကို
ပေးဆပ်ခြင်းသက်သက်နဲ့ဘဲ
ငါ စတေးသွားချင်တယ်ချစ်သူ
အဝေးကနေပဲ
ကြည့်နေခွင့်တော့ပြုပေးပါ
မင်းအလိုရှိတဲ့အခါ
မင်းအနား နား
အဆင်သင့်ဖြစ်ဖြစ်နေစေဖို့လေ

No comments:

Post a Comment