တကယ်ဆိုတော့
မေတ္တာအဏ္ဏဝါကို ဖြတ်သန်းပြီး
တဘက်ကမ်းကို အရောက်လှမ်းဖို့
ဒုက္ခကလည်း မသေးပါလားနော်...
ဘာကြောင့်များ
ဒီလောက်ကြီးမား ပြင်းထန်လှတဲ့
လှိုင်းတံပိုးကြားမှာ ကူးနေရတာလည်းလို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ်မေးမိတယ်
အဲဒါ နင့်ဆီက
မေတ္တာတရားအတွက်ဆိုရင်
မှာမယ်မထင်ပါဘူး။
ချစ်သူရယ်
ကမ်းခြေရောက်ရင်ငါလိုချင်တဲ့
မေတ္တာတခက်ပန်း
ဆင်မြန်းရတော့မယ်ဆိုတဲ့
ဇောကပိုနေတော့
မောရမှန်းမသိဘူးပေါ့
သောင်ကမ်းစပ်ပေါ်ရောက်တော့
မေတ္တာဆိုတဲ့ ပလီပလာပန်းတွေ
မထင်မရှားဝိုးတဝါးနဲ့မို့
ကြိုးစားကြည့်ခဲ့ရပါတယ်ကွယ်
ပျောက်တခါ မိန်တလှည့်
ဖေါက်ပြန်တဲ့ အချစ်ပန်းကိုမှ
လိုချင်လွန်းလို့လိုက်ရဖမ်းရတယ်
မက်မောတယ်ဆိုတဲ့
စကားကြားဖူးကြမှာပါ
ပညာရှိကြီးတွေက
ဘယ်လိုအဓိပ္ပါယ်ဖွင့်မယ်ဆိုတာ
မသိပေမဲ့ ငါ့သဘောပြောရရင်
မက်လွန်းလို့မောရတယ်လို့ဆိုချင်လို့
နင့်မေတ္တာမက်လို့တမ်းတမ်းတတနဲ့
ချစ်အဏ္ဏဝါတဘက်ကမ်းသို့
လှမ်းခဲ့ရတာပါ
မျှော်လင့်ချက်များစွာဖြင့်ပေါ့ ချစ်
Monday, 29 September 2014
ချစ်သူတမ်းခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment