Monday, 29 September 2014

ချစ်​သူတမ်းခြင်း

တကယ်ဆိုတော့
မေတ္တာအဏ္ဏဝါကို ဖြတ်သန်းပြီး
တဘက်ကမ်းကို အရောက်လှမ်းဖို့
ဒုက္ခကလည်း မသေးပါလားနော်​...
ဘာကြောင့်များ
ဒီလောက်ကြီးမား ပြင်းထန်လှတဲ့
လှိုင်းတံပိုးကြားမှာ ကူးနေရတာလည်းလို့
ငါ့ကိုယ်​ငါ အကြိမ်​ကြိမ်​​မေးမိတယ်
အဲဒါ နင့်​ဆီက
မေတ္တာတရားအတွက်​ဆိုရင်
မှာမယ်​မထင်​ပါဘူး။
ချစ်သူရယ်
ကမ်းခြေရောက်ရင်ငါလိုချင်တဲ့
မေတ္တာတခက်ပန်း
ဆင်မြန်းရတော့မယ်ဆိုတဲ့
ဇောကပိုနေတော့
မောရမှန်းမသိဘူးပေါ့
သောင်ကမ်းစပ်ပေါ်ရောက်တော့
မေတ္တာဆိုတဲ့ ပလီပလာပန်းတွေ
မထင်မရှားဝိုးတဝါးနဲ့မို့
ကြိုးစားကြည့်ခဲ့ရပါတယ်ကွယ်
ပျောက်တခါ မိန်တလှည့်
ဖေါက်ပြန်တဲ့ အချစ်ပန်းကိုမှ
လိုချင်လွန်းလို့လိုက်ရဖမ်းရတယ်
မက်မောတယ်ဆိုတဲ့
စကားကြားဖူးကြမှာပါ
ပညာရှိကြီးတွေက
ဘယ်လိုအဓိပ္ပါယ်ဖွင့်မယ်ဆိုတာ
မသိပေမဲ့ ငါ့သဘောပြောရရင်
မက်လွန်းလို့မောရတယ်လို့ဆိုချင်လို့
နင့်မေတ္တာမက်လို့တမ်းတမ်းတတနဲ့
ချစ်အဏ္ဏဝါတဘက်ကမ်းသို့
လှမ်းခဲ့ရတာပါ
မျှော်လင့်ချက်များစွာဖြင့်ပေါ့ ချစ်

အဖြည့်​ခံ ပန်းခ​ရေ

တော်ဝင်နန်းထိုက်ပန်းသဇင်လို
တန်ဖိုးကြီးမြတ်မနေပေမဲ့
ပန်းခရေဟာ.....
ချစ်သူမွှေးကြူချိန်တိုင်း
သင်းပျံ့တဲ့ရနံ့လေးကို
ပေးစွမ်းနိုင်ပါတယ်။
ချစ်သူလျှောက်မဲ့လမ်းကလေးမှာ
ပန်းခင်းလမ်းအဖြစ်
ဖန်တီးပေးမဲ့ပန်းခရေလေးပါ။
နင်းချေဖြတ်လျှောက်သွားတဲ့
ချစ်သူ့ကျောပြင်ကိုကြည့်ပြီး
တသသလွမ်းဆွတ်နေမဲ့ပန်းကလေးပါ။
နင်းချေခံရပေမဲ့
ချစ်သူနှစ်သက်တဲ့ရနံ့လေးကိုတော့
ထိန်းသိမ်းထားဆဲပါ။
ရာသီတွေအလီလီပြောင်းပေမဲ့
မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့
ချစ်သူအတွက်ကြွေကျ
မြေခပေးမဲ့ပန်းခရေလေးပါ။
စာနာနားလည်စွာနဲ့
တချက်ကလေးစောင်းငဲ့ကြည့်ပါ။
ခက်ခဲပင်ပန်းပါစေ.....
ချစ်သူအတွက
်အစွမ်းကုန်ပွင့်ဖူးပေးမဲ့
ချစ်ပန်းခရေလေးပါ

ကြေကွဲသူ

ချစ်သူ....
ငါမျှော်​လင့်​ခဲ့တာ နင်ရဲ့ချစ်ပါ.....အခုနင်ပေးလိုက်တာက
ငါ့အတွက်ဒဏ်ရာတစ်ခုပါ.....
ငါနာကျင်နေပေမဲ့
နင့်ကိုချစ်လို့မဝနိုင်ခဲ့ပါဘူးချစ်​သူရယ်........နင်ငါ့ကိုမချစ်နိုင်ပေမဲ့
မပြစ်ခွာနိုင်ခဲ့တာ
ငါသိပ်ချစ်ခဲ့လို့ပါသူရယ်......ချစ်သူ
နင်မချစ်နိုင်မှတော့ ငါအဝေးဆုံးကိုထွက်သွားရတော့မှာပေါ့....

ဟန်​​ဆောင်​ပြီး ပြုံးပြခဲ့သူ

ကန့်သတ်ချက်တွေနဲ့
ပိတ်ဆို့ထားလေတော့
ထွက်ပေါက်မရှိတဲ့
ကိုယ့်​ဘဝမှာ
အသည်းငယ်မိတယ်
ဒီလိုခံစားချက်တွေဟာ
ဘယ်သူဖန်ဆင်းပေးခဲ့သလဲကွယ်
မင်းနှလုံးသားက
ထွက်ပေါ်လာတဲ့
စကားလုံးတွေဟာ
အမှန်တွေပဲလား
ကိုယ်​ကတော့လေ......
မင်းရဲ့မာယာကျော့ကွင်းထဲ
သိုလှောင်နေမှာ စိုးထိတ်မိတယ်
ကိုယ့်​နှလုံးသားထဲကို
ခိုလှုံမဝင်ရောက်သေးခင်မို့
မင်းရဲ့ဘဝဟာ
ဖြူစင်ရိုးသားပါတယ်
ဆိုနေပေမဲ့
သံသယအတွေးတွေဟာ
ကိုယ့်ရင်မှာ
ပြည့်နက်နေဆဲပါပဲ
ကိုယ့်ကိုမညှာပါနဲ့တော့လားကွယ်
ကိုယ်'ရင်နာတယ်
မင်းလေးရယ်

အလင်းသခင်

ခါဝသာန်ရဲ့
မိုးစက်ပွင့်တွေနဲ့အတူ
အလွမ်းမျက်ရည်ဖြစ်ခဲ့ပြီ။
ဆောင်းဟေမာန်ရဲ့
နှင့်ပွင့်ကြားမှာ တုန်ရီနေတဲ့
နင့်နှုတ်ခမ်း တစ်စုံအောက်က
ငါအတွက်အဖြေမှန်လဲ
မရခဲ့ပါလားနော်.......
အခုဆို-----
ဆောင်းဟေမာန်လဲကုန်ဆုံးလု
လတပေါင်းရဲ့လေပြေလေညှင်း
လေးတွေကတဟူးဟူးနဲ့ပေါ့
နွေဦးကာလရဲ့
ပူပြင်းခြောက်သွေ့လှတဲ့
ကြိုဆိုမှုတွေက
ငါအတွက်....
အိပ်မက်ဆိုးများလား
ဒါပေမဲ့ကွယ်
ကံကြမ္မာကို
အပြစ်မဖွဲ့လိုပါ
နင်ကြင်နာတဲ့နေ့
ငါ့ဘဝရဲ့
လမ်းပြကြယ်တစ်ပွင့်
အဖြစ်ရပ်တည်ပေးရင်
နင်ဟာငါ့ဘဝရဲ့
အလင်းသခင်ပေါ့
ချစ်​သူရယ်

ချစ်​ရလွန်းသူသို့

ပေးဆပ်​ခြင်းဖြင့်

ချစ်သူ
မင်းပျော်ရွှင်နေတာမြင်ရရင်
အဝေကနေကြည့်ရင်း
ငါကြည်နူးတယ် ချစ်သူ....
မင်းငိုနေရင်လေ
မင်းရဲ့ဘေးနားနေပြီး
အားပေးနှစ်သိမ့်နေချင်တယ်
ငါ့ရင်မှာတလှိုက်လှိုက်
ပေါက်ဖွားနေတဲ့
ငါ့ချစ်ခြင်းများစွာကို
မင်းအသိအမှတ်မပြုရင်တောင်
မင်းအတွက် အရာအားလုံး
အဆင်သင့်ရှိနေချင်တယ်
နွေအခါဆိုရင် ငါက မင်းအတွက်
အေးစေဖို့ယပ်တောင်လေးပေါ့
မိုးတွင်းရောက်လာရင်တော့
ငါက မင်းအတွက်
မိုးမစိုစေဖို့ထီးလေးပေါ့
ဆောင်းရောက်လာပြီဆိုရင်
ငါက မင်းအတွက်
နွေးထွေးစေမဲ့ မီးလင်းဖိုလေးပေါ့
ဒီလို အေးမြမှု့လုံခြုံမှု့
နွေးထွေးမှု့လေးတွေကို
ပေးဆပ်ခြင်းသက်သက်နဲ့ဘဲ
ငါ စတေးသွားချင်တယ်ချစ်သူ
အဝေးကနေပဲ
ကြည့်နေခွင့်တော့ပြုပေးပါ
မင်းအလိုရှိတဲ့အခါ
မင်းအနား နား
အဆင်သင့်ဖြစ်ဖြစ်နေစေဖို့လေ

အသိ​နောက်​ကျတဲ့ ငါ

အရောင်မရှိတဲ့ လေ
လှုပ်ခတ်သွားမှ သိ
မချစ်တတ်သူ ငါ
အနမ်းပေးမှ သိ
မလွမ်းဆွေးသူ ငါ
ခွဲခွာသွားမှ သိ
မငိုမိသူ ငါ
သေဆုံးသွာမှ သိ
အသိနောက်ကျသူ ငါ
နောင်တများစွာ
အိပ်မရပြီ ညပေါင်း
ကဋေကဋာ

မေ့လိုက်​ကြရ​အောင်

ငြင်းပယ်​ခဲ့တာလဲ
မချစ်​လို့်မဟုတ်​ပါဘူး။
ဟန်​​ဆောင်​ခဲ့တာလဲ
မုန်းလို့မဟုတ်​ပါဘူး။
ရက်​စက်​ခဲ့တာလည်း
သံ​ယောဇဉ်​မရှိလို့မဟုတ်​ပါဘူး။
တကယ်​ဆိုရင်​.....
ဆိုင်​သူ​တွေရှိနှင့်​ပြီးသားဖြစ်​တဲ့
တို့နှစ်​​​ယောက်​ရဲ့အကြားမှာ
စည်းခြားထားရင်
ကောင်းမယ်​ထင်​လို့ပါ။
ဘာပဲဖြစ်​ဖြစ်​​လေ.....
အချစ်​ဆိုတာ
ပိုင်​ဆိုင်​ခြင်းမှမဟုတ်​တာ
ဒါ​ကြောင့်​..
မေ့လိုက်​ကြရ​အောင်​​နော်​.

မေ့လိုက်​ကြရ​အောင်

ငြင်းပယ်​ခဲ့တာလဲ
မချစ်​လို့်မဟုတ်​ပါဘူး။
ဟန်​​ဆောင်​ခဲ့တာလဲ
မုန်းလို့မဟုတ်​ပါဘူး။
ရက်​စက်​ခဲ့တာလည်း
သံ​ယောဇဉ်​မရှိလို့မဟုတ်​ပါဘူး။
တကယ်​ဆိုရင်​.....
ဆိုင်​သူ​တွေရှိနှင့်​ပြီးသားဖြစ်​တဲ့
တို့နှစ်​​​ယောက်​ရဲ့အကြားမှာ
စည်းခြားထားရင်
ကောင်းမယ်​ထင်​လို့ပါ။
ဘာပဲဖြစ်​ဖြစ်​​လေ.....
အချစ်​ဆိုတာ
ပိုင်​ဆိုင်​ခြင်းမှမဟုတ်​တာ
ဒါ​ကြောင့်​..
မေ့လိုက်​ကြရ​အောင်​​နော်​.

Monday, 1 September 2014

အချစ်​ရူး

ပြောင်းလဲ​နေတဲ့ ကမ္ဘကြီးမှာ​နေထိုင်​​ပေ
မယ့်​ မ​ပြောင်းလဲပဲ တိုးတိုးပြီးချစ်​​နေလျက်​ပါ... ဒုက္ခကိုအမှန်​မသိ​အောင်​ သမုဒယနှင့်​ ချည်​​နှောင်​ပြီး နင့်​နံ​ဘေးကထွက်​မ​ပြေးပဲ ချစ်​မြဲချစ်​လျက်​ပါ.... မထူးဇာတ်​ခင်းတာမဟုတ်​ ရူး​လောက်​​အောင်​ချစ်​တာမို့ချစ်​သူရယ်​...သင်္ခါရရဲ့​ပြောင်းလဲခြင်း တရားကိုငြင်းဆန်​ ငါပြင်းပြင်းထန်​ထန်​ချစ်​​နေလျက်​ပါကွယ်​.

ကြယ်​စင်​​တွေနဲ့ စကား​ပြောခြင်း

နင့်​ကို သိပ်​ချစ်​တယ်

နင်မရိုးသားတော့ဘူး
  ဆန်းပြားစကားဆိုချင်နေတယ်
  ဒီလိုရယ်ပြောလာတော့
  ငါအံ့သြမိပေါ့
  မရိုးတဲ့စကား
  ကြားချင်လျင်ပြောချင်ပါ့
  ခဏလေးနော်
  မမြင်ခဏ စိတ်အလိုမကျ
  တမ်းတလိုတမ်းတ
  မြင်စဉ်ခဏ
  စိတ်အလိုကျ
  အရာရာပြီးပြည့်စုံရ
  စိတ်ချမ်းသာလျင်မျှဝေချင်
  သခင့်ဆီကိုသာ
  သူစိတ်နွမ်းလျတဲ့အခါ
  အားပေးနေကြလေ။

  မျက်လုံးချင်းဆုံ
  ရင်သိမ့်သိမ့်ခုန်
  ဆုံနေကြအမြဲ
  ဘာမှလည်းမပြောရဲ
  စိတ်ထဲကပဲရှိနေတယ်
  လူတကာတွေပြော
  မမောနိုင်ကြဘူး
  သခင့်ကိုပြောပြဖို့ကြတော့
  နှုတ်ကဆွံ့အ
  စကားအသုံးကိုရွေး
  ဆန်းသစ်တာလေးဖြစ်ချင်တယ်
  ဝေါဟာရနယ်ကိုမွှေနှောက်ရှာ
  အချိန်ကြာသူစိတ်ကောက်
  မစီးနိုင်တဲ့မြောင်းတဲ့
  ချောက်ချားသွားတဲ့စိတ်
  ထိတ်ကနဲဖွင့်ဟဖြစ်
  နင့်ကို...သိပ်ချစ်တယ်;;
        ကာရံ​လေး

အချစ်​နဲ့ ခွဲခွာခြင်း

လေတဟူးဟူးထဲ ကိုင်းပင်တွေ
 နှုတ်ဆက်တေးဆို ကညာပျိုလို
 နွဲ့ကာယိမ်းကာနဲ့ 
အညတရစမ်းချောင်းလေးနံဘေး 
သူ့ရဲ့မျက်​ရည်ကိုသုတ်
ငါ့ရင်​မှာ ပ၀ါအစုတ်​​စည်းပေးလိုက်တယ်

အနမ်းတစ်​ပွင့်နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူ 
ဘယ်အရာ ကို ဘာကပြန်စ
သေချာမှုအခန်းဗလာမှာ
စိတ်လှုတ်လှုတ်လေးပြုတ်မကျမီ 
ဒုံးဆိုင်းရူံးထွက်ခဲ့လေပြီ
ငါလေ...... ပြေးရင်းနဲ့ ငို၊
ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့ 
ဟိုးအ​ဝေးဆီကငါ့ကိုချစ်သော
ငါ့ချစ်သူ သောင်ပြင်​မှာလူးနေခဲ့ပေါ့...။

ချစ်​သူဖတ်​ဖို့


ချစ်သူ....

သတိရစိတ်တွေပိုပိုတိုး
ရင်​ထဲမှာ နွေလိုမျိုးပဲ
ပူပြင်းလောင်မြိုက် လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်​မိုက်​လို့လေ...

ဝေးနေတဲ့ခါ.. တစ်စက္ကန့်ကို တစ်ကမ္ဘာထင်​တတ်သူမို့
အရာရာကိုစ​တေး..
ငါ့အနားမှာမင်းရှိနေဖို့ပဲ အ​ရေးကြီးပါတယ်....

ငါ့မနက်ဖြန်တွေလည်း
မင်းကိုချစ်တဲ့ အချစ်နဲ့
လှပ​နေတတ်ပြီမို့
စိတ်မချတဲ့အ​တွေး
နည်းနည်းမှမ​မွေးပါနဲ့နော်…

ဘာလို့လဲဆို.......
မင်းမျက်နှာညိုရင်
ငါ့ကမ္ဘာတစ်ခါပြိုတယ်လေ

ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့
လက်ကို ခိုင်​ခိုင်​တွဲ
အခက်အခဲတွေကို
ရင်​ဆိုင်​တိုက်ပွဲ ဆင်နွှဲကြမယ်

တစ်ယောက်ကိုတစ်ယောက်ထူမတ်
တစ်ယောက်နဲ့တစ်ယောက်ကျောချင်းကပ်လို့
ဘ၀ရဲ့နက်နဲတဲ့ပုစ္ဆာ
ငါတို့တွေအ​ဖြေရှာကြမယ်

အ​ပေးအယူမျှတ အချင်းချင်းဖေးမလို့
ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ် နားလည်မှုတွေနဲ့ခရီးဆက်ကြမယ်​...

သံသရာ အဆက်ဆက်
လက်တွဲဖော်​ ပါရမီဖြည့်ဘက်အဖြစ်​ မင်းနဲ့အတူဆို......
ဘယ်တော့မှငါ့စိတ်မှာမငြိုငြင်​ဘူး​လေ....