ကာရံလေး တို့ကို အစဉ်အားပေးနေကြတဲ့ ခံစားချက်ချင်း တိုက်ဆိုင်ကြတဲ့ သူငယ်ချင်းများခင်ဗျာ။
အခုတလော ကာရံလေးလည်း ချစ်သူနဲ့ လမ်းခွဲပြီးတော့ စိတ်တွေ အရမ်းလေးနေလို့ ခံစားချက် ကဗျာလေးတွေ မရေးဖြစ်တော့တာပါ။ကာရံလေးရဲ့ ဘော်ဘော်တွေလည်း အဝေးတနေရာမှာ ရောက်နေလို့ လိုင်းအခြေနေအရ မတင်ဖြစ်သေးတာကို နားလည် ခွင့်လွှတ်ပေးပါလို့ ကာရံလေး မှ မေတ္တာ ရပ်ခံအပ်ပါတယ် ခင်ဗျာ
Monday, 17 November 2014
မေတ္တာရပ်ခံခြင်း
Friday, 3 October 2014
မျှော်လင့်ခြင်းဆီသို့
မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်မှာ ကစဉ်ကလျားသော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကိုအဖော်ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ
လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ လွတ်မြောက်ချင်လည်း
ထွက်ပေါက်မပေးတဲ့
နံရံပိတ်ထားတဲ့တံခါး
ထင်းမရှိတဲ့မီးလင်းဖို့
မမြင်ရတဲ့ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်ရသလား.... လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သောကောင်းကင်ပြာ
နွေးထွေးခြင်းနေခြည်ဖြာမှာ
ငါဟာ..အနှောင့်အဖွဲ့ကင်းစွာနဲ့
ကမ္ဘာဦးလူသားတစ်ယောက်လို
အပူအပင်မဲ့ ပြေးလွှားနေချင်ရဲ့
အခုတော့များ မာယာပိုက်ကွန်ထဲက နှလုံးသားအချစ်ဟူသော
နတ်ဘုရားနှင့်ယင်းကို
ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှပစ်ခွင်းသော
ရင်မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့ရယ်မောသံများရဲ့
အဆုံးမတော့အတိတ်ခါးခါးကို ဆေးကြောဖို့ရာဘယ်မှ
ထွက်ပေါက် ရှာမရခဲ့ဘူး . . .မျှော်လင့်ချက်ကတံခါးပေါက်အပြင်မှာ
ငါ့မှာတော့နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကိုရူးမိုက်စွာခံစား
ရင်းနှီးပြီးသား ကြမ်းပြင်မှာလဲလျောင်းလို့
ငါ့ဝိညာဉ်ကိုလွတ်မြောက်စေတော့မယ်... ခေါ်သံတွေရဲ့အဝေးကို
ရယ်မောသံများရဲ့အဝေးကို
မျက်နှာကျက်ရဲ့အဝေးကို
နံရံတွေရဲ့အဝေးကို
တံခါးများရဲ့အဝေးကို
ကျိန်စာများရဲ့အဝေးကိုပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့
စေစားရာကောင်းကင်ပြာလွင်ပြင်တစ်ခုဆီ
ငါ့လိပ်ပြာလေး လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့....
မစာနာတတ်သူသို့
မင်းရဲ့ဥပေက္ခာပြုမှု့တွေကြောင့်
ငါ့နှလုံးသားအိပ်ပျော်နေခဲ့တာ
ကာလအတန်ကြာရော့ပေါ့
မင်းပေးခဲ့တဲ့ဝေဒနာတွေကြောင့်
အနာတရဖြစ်ခဲ့သောငါ့နှလုံးသား
အနာကျက်လုနီးကာမှ....
မင်းကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
စဲသွားလုနီးကာမှ....
မင်းအတွက်နဲ့ပေါက်ဖွားလာတဲ့
ငါ့ကဗျာတွေ
အဆုံးတတ်လုနီးကာမှ....
မင်း အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
လှုပ်နှိုးရက်တယ်
အနာကျက်လုလုငါ့နှလုံးသားကို
တစ်ခါနာကျင်အောင်
လုပ်ရက်တယ်၊
စဲမယ်လုလုငါ့မျက်ရည်တွေကို
တစ်ခါပြန်ပြီးငိုအောင်လုပ်တယ်၊
အဆုံးသပ်လုငါ့ကဗျာကို
မပြီးဆုံးအောင်မင်းလုပ်တယ်၊
ဘယ်လိုအငြိုးရယ်ကြောင့်များလဲ
မိန်းကလေးရယ်
မနှင်ပါဘဲ ငါ့နှလုံးသားကို
စုန်ကန်ထွက်သွားတယ်
အခုမခေါ်ပါဘဲ
အနာမကျက်သေးတဲ့နှလုံးသားထဲ
အတင်းဝင်ရောက်လာတယ်
မင်းငါ့ကိုအသေသတ်ဖို့အထိတောင် ရည်ရွယ်ထားသလားကွယ်
အစကတည်းက
မင်းအတွက်ဆိုရင်
အရာအားလုံးစတေးပြီးထားပါ
ခုအနေအထားနဲ့
ငါလဲအသက်မဆက်ချင်တော့ပါဘူး
မင်းသဘောကျလုပ်လိုက်ပါတော့
မိန်းကလေးရယ်
လွမ်းစိတ်ဝေေ၀
ကံကြမ္မာက ဒဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေဝေရပြန်ပြီလေ..
လွမ်းတယ်
ရက်လနှစ်ရှည် သံယောဇဉ်ညှိလာပြီးမှ
အခုလို ဆောင်းဟေမာန်ရဲ့
မျက်လှည့်ပြမှုအောက်မှာ
ကိုယ့်ကိုအလွမ်းတွေပိုအောင်'
အထီးကျန် လူတစ်ယောက်အဖြစ်နဲ့
ဒီလိုပဲထားခဲ့တော့မှာလားကွယ်
အလွမ်းပင်ကိုပျိုးပြီး အလွမ်းမိုးတွေ
ရွာသွန်းစေခဲ့တာလဲ နင်ပဲနော်
အခုတော့......
အဲဒီအလွမ်းဒဏ်ရာကို
နင်လာကြည့်လှည့်ပါဦးလားကွယ်
တစ်ချိန်တုန်းက
နင့်အနမ်းဒဏ်ရာတွေဟာလဲ
ခုချိန်ထိ(လတ်ဆတ်ဆဲ)
ထင်ကျန်နေဆဲပါ
မေ့ဖျောက်လို့မရနိုင်တဲ့
အတိတ်ပုံရိပ်ဟောင်းတွေဟာ
ကိုယ့်ကိုအလွမ်းတစ်ခုဖြစ်အောင်
ဖန်တီးခဲ့တာလားကွယ်
လွမ်းတယ်ကွယ်
တကယ်ပါချစ်သူ
ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့ နှလုံးသားရပ်ဝန်းရှိတယ်။ မြှားတစ်စင်းဆင်းရုံလေးနဲ့တော့
မကျီစားပါနဲ့ ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို အခါခါခေါက်သိမ်းရင်း မြတ်နိုးမှုသက်သက်နဲ့တင် ကျေနပ်မိသူတစ်ယောက်ကိုမှ အလွမ်းတွေပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း
ဖန်ဆင်းပေးရက်တယ်။
ငါသာလျှင်.. မင်းရဲ့အကြည့် မင်းရဲ့အပြုံးတို့စေစားရာ
ငါသာလျှင် မင်းရဲ့အသံ မင်းဟန်တို့ရဲ့ရည်မှန်းရာ
ငါသာလျှင် မင်းနှလုံးသား
မင်းအတွေးတို့ ပိုင်စိုးရာ
အမြဲ.....ဖြစ်နေချင်ခဲ့ ။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက်တောင့်တရင်းနဲ့
ချစ်သူ...
ငါ့အနားမှာမင်းမရှိခဲ့ရင်တောင်
မင်းအနားမှာငါမှတပါး
အခြားဘယ်သူကိုမှ
မရှိစေချင်ပါ
တိုးတိတ်
မင်းမကြင်နာ
မုန်းမေ့သွားမှာကြောက်လို့
စိုးထိတ်မှု့နဲ့အတူ
ချစ်တာကို မပြောရက်ပါပဲ
တိုးတိုးတိတ်တိတ်
မျိုသိပ်ပြီးနေခဲ့တာပါ
တစ်ကမ္ဘာလုံးလူတွေ
ငါ့ကိုမုန်းချင်သလောက်မုန်း
ခံနိုင်ရည်ရှိတယ်
ဒါပေမဲ့ကွယ်......
မင်းမုန်းမှာကိုတော့
သေမလောက်ကြောက်တယ်
ဒါကိုအချစ်လို့
တင်စားလို့ရမလား
ရင်တွင်းမှာဆူပွက်နေတဲ့
ချစ်ခြင်းရဲ့မီးလျံတွေ
မင်းကိုမြင်တွေ့စေချင်တယ်
ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း
ဆွံ့အသွားတဲ့အဖြစ်
တုန်ခါနေတဲ့ခြေထောက်တွေ
ဘာရယ်ကြောင့်မသိပေမဲ့
ဒီအဖြစ်ကိုမကျော်နိုင်းဘူးလေ
ရှိပါစေတော့လေ
မင်းသိအောင် ဝေဒနာကို
မကြေငြာတော့ပါဘူး
တိုးတိုးတိတ်တိတ်
တိုးတိတ်ပြီးနေတော့မယ်
အားငယ်သူသို့
မင်းလေးရယ်
နွေဥသြတွေ သံစဉ်နှောလို့
တေးဆိုနေကြပြီ
ပူအိုက်လွန်းတဲ့ နွေတစ်ကြော့မှာ
နေလောင်မှာစိုး မင်းခေါင်းထက်က
ထီးကလေးဟာ မင်းအတွက်
အဖေါ်မွန်ဖြစ်သလို
မင်းဆုပ်ကိုင်ထားတဲ့ ထီးတလက်ဟာ
ငါ'ဖြစ်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ
မူပိုပို'မင်းနှုတ်ခမ်းတစ်စုံ
မျက်လုံးလေး ကလည်ကလည်
မဝံ့မရဲ့နဲ့ကြည့်နေတဲ့မင်းအကြည့်
ပဟေဠိဆန်နေတဲ့ မင်းအမူအရာ
မျိုသိပ်ထားတဲ့ မင်းနှလုံးသားမှ
မွန်းကြတ်နေတဲ့ ခံစားချက်ကို
သံစဉ်တစ်ပုဒ်ငြိရင်း
ဟစ်ကြွေးလိုက်ပါတော့လားကွယ်
မင်းနှလုံးသားဒေါင့် တနေရာမှာ
ငါအတွက်နေရာကွက်လပ်ရှိရင်
မင်းအတွက်ဖေးမကူညီပေးဆပ်ဖို့'
အဆင်သင့်ပါပဲ မင်းလေးရယ်
ရီဝေနေတဲ့ မင်းမျက်ဝန်းအိမ်ထဲက
မျက်ရည်တွေကိုမင်းသုတ်
လိုက်ပါတော့ကွယ်
မင်းပျော်ရွှင်စေဖို့
မင်းနံဘေးမှာငါထာဝရ
အားပေးနေမှာပါကွာ
ပုံပြောခဲ့တဲ့ ချစ်သူ
အမှတ်တမဲ့နဲ့တွေ့ဆုံခြင်းကစ
တို့နှစ်ဦး ချစ်သူတွေဖြစ်ခဲ့ကြတာ
ပျော်စရာကောင်းတဲ့ ကမ္ဘာငယ်လေးတစ်ခုပေါ့ ..,
ကောင်းအတူဆိုးအမျှ
အပြန်အလှန် မျှဝေခံစားခဲကြတာ
အနှိုင်အရှုံးမရှိတဲ့ နှလုံးသားချစ်တမ်းကစားပွဲတစ်ခုပေါ့....
နင်ငါ့ကိုချစ်ခဲ့တာ နောက်ဆုံးတော့ လမ်းခွဲဖို့လားချစ်သူ..
အခုတော့.......
ငါ့အသဲကိုနင်းချေလမ်းခွဲခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ...
ချစ်ခဲ့တဲ့အချိန်တုန်းက နင်ငါ့ကို အရူးလုပ်ဇာတ်တစ်ပုဒ် ဖန်တီးသွားခဲ့တာလား
ပုံပြောခဲ့တဲ့ချစ်သူရယ်..
အစိမ်းရောင်ဥယျာဉ်မှုး
ငါ့ရဲ့အစိမ်းရောင် ဉယျာဉ်ငယ်လေးထဲက
နင်အတွက် ပျိုးထားတဲ့ နှင်းဆီပန်းတွေ
သစ္စာရောင် လွှမ်းလို့ပွင့်နေပြီ... ... ...
တချို့က ရနံ့သင်းသင်း
တချို့ကငွါးငွါးစွင့်စွင့်နဲ့
ဖြူ နီ ဝါ နက် သဘာဝရဲ့
အလှတရားတခုလို
လေထဲလွင့်နေကြတဲ့ နှင်းဆီတွေ... ... ...
ဒါပေမယ့်...နှင်းဆီရယ်... ငါတကယ်ပဲ ဝမ်းနည်းမိတယ်... ခူးပန်မယ့်သူက င့ါရဲ့ ဉယျာဉ်လေးထဲ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးလေ... ... .
သူငယ်ချင်း
မမြင်နိုင်စည်း တစ်ဖက်ခြားရယ်က
နင်ထားခဲ့တဲ့ ....
အလွမ်းဝေဒနာ ဒဏ်ချက်တစ်ခုရယ်ကြောင့် အဖော်မဲ့လမ်းမှာ တစ်ယောက်တည်း လျောက်လှမ်းနေရတရ်သူငယ်ချင်းရယ်.....
ဟိုး..ဝေးဝေးတစ်နေရာက သတိရလွမ်းဆွတ်နေသူ မျော်လင့်တမ်းတနေသူ
အဖော်မဲ့ အထီးကျန်ဆန်နေသူ ငါဆိုတဲ့သူတစ်ယောက် နင့်အတွက် ထာဝရရှိနေတရ်ဆိုတာ
နင့်ရင်ထဲမှာ အမြဲရှိနေပေးပါ သူငယ်ချင်းရယ်....
မျှော်နေသူ
မပြေလည်သေးတဲ့
အချစ်တစ်ခုမှာ...
မရေရာမသေချာတဲ့
အတွေးတစ်ခုကြောင့်..
တွေဝေနေသူငါ...
တကယ်ဆိုတော့
အချစ်ဆိုတာ....
ခါးသီးခြင်းလား!
ချိုမြိန်ခြင်းလား!ဆိုတာ
မသိရှာသူပါ
ခံစားတတ်တာကိုပဲသိတယ်
ချစ်မိသူတစ်ယောက်က
စွန့်ပစ်ခံလိုက်ရတဲ့အခါမှာ
ဝမ်းနည်းကြေကွဲ
လွမ်းဆွေးမှုတွေနဲ့
တမှိုင်မှိုင်တွေး
မင်းပုံရိပ်လေး
တရေးရေးမြင်မိတိုင်း
သံယောဇဉ်နှောင်အဖွဲ့တွေက
ငါ့ရဲ့ဝိညာဉ်တွေ
မင်းဆီမှာလွင့်မျော
နေရရှာတယ်
အော် ချစ်သူရေ
လူတစ်ယောက်မှာ
ဘဝတစ်ခု
အချစ်တစ်ခုပါ
အစားထိုးအသည်း
နှလုံးနဲ့မျှတပေးဖို့ဆိုတာလည်း
ငါ့ဘဝမှာ မဖြစ်နိုင်လို့ပါ
ချစ်သူရေ
ချစ်ခြင်းတရားဆိုတာ
အရောင်ပြောင်းပြတတ်တဲ့
မျက်လှည့်သမားတစ်ယောက်လို
သဘောထားတာလား
ငါ့ဘဝမှာ
နင်ကလွဲပြီး ချစ်ရမည့်သူမရှိပါဘူး
နင့်အချစ်နဲ့
ရာသက်ဆုံးတိုင်
ကမ္ဘာတည်သရွေ့ပါ
ချစ်သူရေ
နင်ငါ့ရင်ခွင်ဆီ ပြန်လာချိန်ကို
လက်ချိုးရေကာ
စောင့်ကြိုနေလျက်ပါ ချစ်သူရေ
ချစ်ခြင်းအားမာန်
မိန်းကလေးရယ်
မင်းကိုချစ်ရတာလေ..
ဟိုး...ကမ္ဘာအမြင့်ဆုံးတောင်ကို
အပြေးတက်ရသလိုပဲ
ပင်းပန်းလိုက်တာ
အန္တရာယ်တွေများလိုက်တာ
ဒါပေမဲ့ ငါမမူပါဘူး
မင်းပေးတဲ့ အားမာန်တွေရှိတယ်
မင်းရဲ့မခို့တရို့
အကြည့်,အပြုံးလေးတွေ
စေတနာပါတဲ့
ဖေးမကူညီမှုလေးတွေ
စစ်မှန်တဲ့
ကြင်နာယုယမှုလေးတွေ
ဒါတွေ ဒါတွေအားလုံး...
ငါ့အတွက်အားမာန်ပေါ့
ဒါတွေသာ မင်းငါ့ကို
အမြဲတမ်းပေးထားမယ်ဆိုရင်
ဧဝရက်တောင်ကို
မင်းခေါင်းထက်က
ဆန်ထိုးဖြစ်အောင်လုပ်နိုင်တယ်
ကြယ်စင်တွေကိုတစ်ပွင့်ချင်းသီ
မင်းကေသာထက်က
ပန်းကုန်းအဖြစ်ဖန်တီးပေနိုင်တရ်
ဖိုးရွှေလမင်းကိုလည်း
မင်းလည်တန်ကျော့ကျော့မှာ
လှလှလေးဆွဲဖို့
လည်ဆွဲလေးအဖြစ်
ဖန်တီးပေးနိုင်တယ်
မင်းယုံနိုင်မလား
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ငါ့စေတနာအားမာန်တွေပါ
ကမ္ဘာမှာစွမ်းအားအကြီးဆုံး
အရာဟာ
အချစ်စစ်ကပေါက်ဖွားလာတဲ့
အာမာန်ပဲမိန်းကလေး
အချစ်ကြောင့် ကမ္ဘာဟာ
ပြာကျသွားနိုင်သလို
အချစ်ကြောင့် ကမ္ဘာကြီးကို
စိုပြေလှပလာစေနိုင်တရ်
မိန်းကလေး
တို့နှစ်ယောက်ကမ္ဘာကြီးကို
အလှဆင်ကြရအောင်လေ..
ထာဝရ
ချစ်သူ
နင့်ကို ငါမြတ်နိုးစွာ ချစ်ခဲ့မိတရ်
နင်ဘာပဲလုပ်လုပ်....
နင့်ရင်မှာဘယ်သူပဲရှိရှိ....
နင်ဘယ်သူနဲ့ပဲပျော်နေပါစေ...
ငါဟာ နင့်ကိုချစ်မိတဲ့အချစ်က
တစ်စက်လေးမှမလျှော့ခဲ့ပါဘူးချစ်သူ........နင့်တစ်ခြားသူနဲ့ ပျော်ရွှင်နေတဲ့အချိန် ငါ့မှာအားငယ်မှုတွေနဲ့
မျက်ရည်ကျခဲ့ရတဲ့နေ့တွေရှိခဲ့ပေမဲ့ နင့်ကိုချစ်မိတဲ့စိတ်ကလေး ပျက်ပြယ်မသွားခဲ့ပါဘူးချစ်သူ........
နင်မကြင်နာလို့ မုန်းသွားရင်လဲ
ငါ့ရင်မှာ နင့်ကိုချစ်တဲ့အချစ်များက
ထာဝရ မဆုံးပဲချစ်သွားမယ်ဆိုတာ
ယုံပါကွယ်.......
ညီမလေးရေ
စကားချိုချို အသားညိုညိုနဲ့
ပြုံးရွှင်တဲ့မျက်နှာအသံသာယာ
မူဟန်မပါပေမဲ့ ကိုကြီးလို့ခေါ်သံကြား ယစ်မူးသွားစေတဲ့ ချစ်ညီမလေး
ကြုံဆုံခဏ ပျော်ရွှင်ခဲ့ရ
ချစ်ခဲ့ကြတာ အသဲအသက်
ပေးဆက်ရဲတယ် ကိုကြီးရယ်တဲ့
ခုတော့ကွယ်
ဟိုး အဝေးကိုပျံသွား ငှက်ငယ်အလား ချိုသာစကားလဲမဆို နူတ်မဆက်
လမ်းမခွဲပေမဲ့ တနယ်စီဝေးလို့
တမ်းတလွမ်းရရက်ရှည်
မျှော်လေလေဝေးပေါ့....
အော်ဆွေးမပြေ ဝေးမြေသို့မျှော်မှန်း
လွမ်းလွန်းလို့ပြောပါရစေ....
က္ဈမ်းလုမတတ်အသဲနဲ့မျှော်နေဆဲမို့
ပြန်ခဲ့ပါတော့ချစ်ရတဲ့ ညီမလေးရေ ။
ဆုံနိုင်ခွင့်
မင်းလေးနဲ့ပတ်သက်ခဲ့ဖူးတဲ့
အတိတ်ပန်းချီကားလေးတချပ်ဟာ
တိုက်ဆိုင်မှုတစ်ခုလေးတော
့မဟုတ်ရပါဘူး
အတိုင်းတာတစ်ခုထိတော့
ငါအမှတ်တရအနေနဲ့ ငါသိမ်းထားမှာပါ ချစ်သောသူ.........
တုနိုင်းမဲ့စံချိန်တစ်ခု အဖြစ်နဲ့
မဟုတ်ဘူးဆိုတောင်မှ လိုက်မမှီနိုင်တဲ့စံချိန်မျိုးနဲ့
ငါလေ ........
နင်ကို မေ့လို့မရနိုင်တော့ဘူးဆိုတာ
100% တော့အပြည့်ပါ ချစ်သောသူ.......
အချိန်ကိုပြန်ပြီးကုစားလို့
မရနိုင်မှန်းတော့သိပါတယ်
ငါကတော့လေ နင့်ကို အချိန်တိုင်းမှာ
လွမ်းနေမယ်ဆိုတာလေးတော့
အဲဒီအချိန်ကိုပဲ
ငါပြန်ပြီးတော့ထာဝရသိမ်း ထားပါ့မယ်ချစ်သောသူ....
တမ်းတခြင်း
အိပ်မပျော်လို့မင်းလေးကို သတိရတာမဟုတ်ပါဘူး
မင်းလေးကိုသတိရလွန်းလို့
အိပ်မပျော်တာပါဆိုတဲ့စကားအတိုင်း
ငါလေ မင်းကိုသတိရပြီး
တမ်းတနေခဲ့မိတယ်
ဘာပဲဖြစ်ဖြစ်လေ........
သူလည်း သတိရနေမှာပဲ ဆိုတဲ့
စိတ်ကူးယဉ်မျိုးနဲ့ ငါကျေနပ်နေတာပါ.......
တချိန်ချိန်ဆိုတဲ့
မျှော်လင့်ချက်အလင်းရောင်တွေဟာ
ငါအတွက်တော့အားဆေး လေးပေါ့........
ဒါတွေဟာလည်း
ငါကမင်းကိုချစ်ခဲ့တာပဲလေ...
အရောင်ပြောင်းသွားမှာ ကြောက်တယ်
အ ဝေးဆီမှာ တ ရွေ့ရွေ့စီးမျော နေတဲ့
တိမ်စိုင်လေးတွေ မြင် နေဆဲမှာပဲ
လွင့်ပြယ်လိုသွားခဲ့တရ်
အ ဝေးဆီမှာ လင်းလက်နေတဲ့
ငွေကြယ်ပွင့်လေးတွေ တဒင်္ဂလေးမှာပဲ
ပျောက်ကွယ်လိုသွားခဲ့တရ်
ငါ့ရင်တွေ
နာကျင် လာသလိုပဲချစ်သူရယ်
မတည်မြဲခြင်း မခိုင်မြဲခြင်းဆိုတဲ့
အ တွေးအသိပေါင်းမျုားနဲ့အတူ
ချစ်သူကိုပြေးမြင် လာမိတယ်
မင်းရဲ့အချစ်တွေ တိမ်စိုင်လေးတွေလို
မင်းရဲ့ကြင် နာယုယခြင်းတွေ တဒင်္ဂလေးနဲ့
ပျောက်ကွယ်သွားမှာကို
စိုးရိမ်ခြင်းတွေပိုနေမိတရ်
ငါ့ရင် ခုန်သံတွေ ငိုနေသလိုပဲချစ်သူရယ်
မင်းနဲ့ဝေးမှာကို ကြောက်လို့ထင်ပါရဲ့
သြော် ချစ်သူရယ်.........
မင်းနဲ့အတူမက်ခဲ့တဲ့
တိုနှစ်ယောက်အိမ်မက်တွေ......
မင်းနဲ့အတူရေးခဲ့တဲ့
တို့နှစ်ယောက် ချစ်ခြင်းကဗျာတွေ.........
မင်းနဲ့အတူတည်ဆောက်ဆဲ့
တို့နှစ်ယောက် ရဲ့ချစ်အိမ်လေး......
မင်းပျော်ရွှင်ကြည်နူးစေဖို့
ငါဖန်တီးထားတဲ့
အချစ်ပန်းဥယျာဉ်.........
ဒါတွေအားလုံး သက်ဆုံးတိုင်
ရှိနေ စေချင် တယ်ကွယ်
ထာဝရ ပေါ့ချစ်သူရယ်
Monday, 29 September 2014
ချစ်သူတမ်းခြင်း
တကယ်ဆိုတော့
မေတ္တာအဏ္ဏဝါကို ဖြတ်သန်းပြီး
တဘက်ကမ်းကို အရောက်လှမ်းဖို့
ဒုက္ခကလည်း မသေးပါလားနော်...
ဘာကြောင့်များ
ဒီလောက်ကြီးမား ပြင်းထန်လှတဲ့
လှိုင်းတံပိုးကြားမှာ ကူးနေရတာလည်းလို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ်မေးမိတယ်
အဲဒါ နင့်ဆီက
မေတ္တာတရားအတွက်ဆိုရင်
မှာမယ်မထင်ပါဘူး။
ချစ်သူရယ်
ကမ်းခြေရောက်ရင်ငါလိုချင်တဲ့
မေတ္တာတခက်ပန်း
ဆင်မြန်းရတော့မယ်ဆိုတဲ့
ဇောကပိုနေတော့
မောရမှန်းမသိဘူးပေါ့
သောင်ကမ်းစပ်ပေါ်ရောက်တော့
မေတ္တာဆိုတဲ့ ပလီပလာပန်းတွေ
မထင်မရှားဝိုးတဝါးနဲ့မို့
ကြိုးစားကြည့်ခဲ့ရပါတယ်ကွယ်
ပျောက်တခါ မိန်တလှည့်
ဖေါက်ပြန်တဲ့ အချစ်ပန်းကိုမှ
လိုချင်လွန်းလို့လိုက်ရဖမ်းရတယ်
မက်မောတယ်ဆိုတဲ့
စကားကြားဖူးကြမှာပါ
ပညာရှိကြီးတွေက
ဘယ်လိုအဓိပ္ပါယ်ဖွင့်မယ်ဆိုတာ
မသိပေမဲ့ ငါ့သဘောပြောရရင်
မက်လွန်းလို့မောရတယ်လို့ဆိုချင်လို့
နင့်မေတ္တာမက်လို့တမ်းတမ်းတတနဲ့
ချစ်အဏ္ဏဝါတဘက်ကမ်းသို့
လှမ်းခဲ့ရတာပါ
မျှော်လင့်ချက်များစွာဖြင့်ပေါ့ ချစ်
အဖြည့်ခံ ပန်းခရေ
တော်ဝင်နန်းထိုက်ပန်းသဇင်လို
တန်ဖိုးကြီးမြတ်မနေပေမဲ့
ပန်းခရေဟာ.....
ချစ်သူမွှေးကြူချိန်တိုင်း
သင်းပျံ့တဲ့ရနံ့လေးကို
ပေးစွမ်းနိုင်ပါတယ်။
ချစ်သူလျှောက်မဲ့လမ်းကလေးမှာ
ပန်းခင်းလမ်းအဖြစ်
ဖန်တီးပေးမဲ့ပန်းခရေလေးပါ။
နင်းချေဖြတ်လျှောက်သွားတဲ့
ချစ်သူ့ကျောပြင်ကိုကြည့်ပြီး
တသသလွမ်းဆွတ်နေမဲ့ပန်းကလေးပါ။
နင်းချေခံရပေမဲ့
ချစ်သူနှစ်သက်တဲ့ရနံ့လေးကိုတော့
ထိန်းသိမ်းထားဆဲပါ။
ရာသီတွေအလီလီပြောင်းပေမဲ့
မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့
ချစ်သူအတွက်ကြွေကျ
မြေခပေးမဲ့ပန်းခရေလေးပါ။
စာနာနားလည်စွာနဲ့
တချက်ကလေးစောင်းငဲ့ကြည့်ပါ။
ခက်ခဲပင်ပန်းပါစေ.....
ချစ်သူအတွက
်အစွမ်းကုန်ပွင့်ဖူးပေးမဲ့
ချစ်ပန်းခရေလေးပါ
ကြေကွဲသူ
ချစ်သူ....
ငါမျှော်လင့်ခဲ့တာ နင်ရဲ့ချစ်ပါ.....အခုနင်ပေးလိုက်တာက
ငါ့အတွက်ဒဏ်ရာတစ်ခုပါ.....
ငါနာကျင်နေပေမဲ့
နင့်ကိုချစ်လို့မဝနိုင်ခဲ့ပါဘူးချစ်သူရယ်........နင်ငါ့ကိုမချစ်နိုင်ပေမဲ့
မပြစ်ခွာနိုင်ခဲ့တာ
ငါသိပ်ချစ်ခဲ့လို့ပါသူရယ်......ချစ်သူ
နင်မချစ်နိုင်မှတော့ ငါအဝေးဆုံးကိုထွက်သွားရတော့မှာပေါ့....
ဟန်ဆောင်ပြီး ပြုံးပြခဲ့သူ
ကန့်သတ်ချက်တွေနဲ့
ပိတ်ဆို့ထားလေတော့
ထွက်ပေါက်မရှိတဲ့
ကိုယ့်ဘဝမှာ
အသည်းငယ်မိတယ်
ဒီလိုခံစားချက်တွေဟာ
ဘယ်သူဖန်ဆင်းပေးခဲ့သလဲကွယ်
မင်းနှလုံးသားက
ထွက်ပေါ်လာတဲ့
စကားလုံးတွေဟာ
အမှန်တွေပဲလား
ကိုယ်ကတော့လေ......
မင်းရဲ့မာယာကျော့ကွင်းထဲ
သိုလှောင်နေမှာ စိုးထိတ်မိတယ်
ကိုယ့်နှလုံးသားထဲကို
ခိုလှုံမဝင်ရောက်သေးခင်မို့
မင်းရဲ့ဘဝဟာ
ဖြူစင်ရိုးသားပါတယ်
ဆိုနေပေမဲ့
သံသယအတွေးတွေဟာ
ကိုယ့်ရင်မှာ
ပြည့်နက်နေဆဲပါပဲ
ကိုယ့်ကိုမညှာပါနဲ့တော့လားကွယ်
ကိုယ်'ရင်နာတယ်
မင်းလေးရယ်
အလင်းသခင်
ခါဝသာန်ရဲ့
မိုးစက်ပွင့်တွေနဲ့အတူ
အလွမ်းမျက်ရည်ဖြစ်ခဲ့ပြီ။
ဆောင်းဟေမာန်ရဲ့
နှင့်ပွင့်ကြားမှာ တုန်ရီနေတဲ့
နင့်နှုတ်ခမ်း တစ်စုံအောက်က
ငါအတွက်အဖြေမှန်လဲ
မရခဲ့ပါလားနော်.......
အခုဆို-----
ဆောင်းဟေမာန်လဲကုန်ဆုံးလု
လတပေါင်းရဲ့လေပြေလေညှင်း
လေးတွေကတဟူးဟူးနဲ့ပေါ့
နွေဦးကာလရဲ့
ပူပြင်းခြောက်သွေ့လှတဲ့
ကြိုဆိုမှုတွေက
ငါအတွက်....
အိပ်မက်ဆိုးများလား
ဒါပေမဲ့ကွယ်
ကံကြမ္မာကို
အပြစ်မဖွဲ့လိုပါ
နင်ကြင်နာတဲ့နေ့
ငါ့ဘဝရဲ့
လမ်းပြကြယ်တစ်ပွင့်
အဖြစ်ရပ်တည်ပေးရင်
နင်ဟာငါ့ဘဝရဲ့
အလင်းသခင်ပေါ့
ချစ်သူရယ်
ပေးဆပ်ခြင်းဖြင့်
ချစ်သူ
မင်းပျော်ရွှင်နေတာမြင်ရရင်
အဝေကနေကြည့်ရင်း
ငါကြည်နူးတယ် ချစ်သူ....
မင်းငိုနေရင်လေ
မင်းရဲ့ဘေးနားနေပြီး
အားပေးနှစ်သိမ့်နေချင်တယ်
ငါ့ရင်မှာတလှိုက်လှိုက်
ပေါက်ဖွားနေတဲ့
ငါ့ချစ်ခြင်းများစွာကို
မင်းအသိအမှတ်မပြုရင်တောင်
မင်းအတွက် အရာအားလုံး
အဆင်သင့်ရှိနေချင်တယ်
နွေအခါဆိုရင် ငါက မင်းအတွက်
အေးစေဖို့ယပ်တောင်လေးပေါ့
မိုးတွင်းရောက်လာရင်တော့
ငါက မင်းအတွက်
မိုးမစိုစေဖို့ထီးလေးပေါ့
ဆောင်းရောက်လာပြီဆိုရင်
ငါက မင်းအတွက်
နွေးထွေးစေမဲ့ မီးလင်းဖိုလေးပေါ့
ဒီလို အေးမြမှု့လုံခြုံမှု့
နွေးထွေးမှု့လေးတွေကို
ပေးဆပ်ခြင်းသက်သက်နဲ့ဘဲ
ငါ စတေးသွားချင်တယ်ချစ်သူ
အဝေးကနေပဲ
ကြည့်နေခွင့်တော့ပြုပေးပါ
မင်းအလိုရှိတဲ့အခါ
မင်းအနား နား
အဆင်သင့်ဖြစ်ဖြစ်နေစေဖို့လေ
အသိနောက်ကျတဲ့ ငါ
အရောင်မရှိတဲ့ လေ
လှုပ်ခတ်သွားမှ သိ
မချစ်တတ်သူ ငါ
အနမ်းပေးမှ သိ
မလွမ်းဆွေးသူ ငါ
ခွဲခွာသွားမှ သိ
မငိုမိသူ ငါ
သေဆုံးသွာမှ သိ
အသိနောက်ကျသူ ငါ
နောင်တများစွာ
အိပ်မရပြီ ညပေါင်း
ကဋေကဋာ
မေ့လိုက်ကြရအောင်
ငြင်းပယ်ခဲ့တာလဲ
မချစ်လို့်မဟုတ်ပါဘူး။
ဟန်ဆောင်ခဲ့တာလဲ
မုန်းလို့မဟုတ်ပါဘူး။
ရက်စက်ခဲ့တာလည်း
သံယောဇဉ်မရှိလို့မဟုတ်ပါဘူး။
တကယ်ဆိုရင်.....
ဆိုင်သူတွေရှိနှင့်ပြီးသားဖြစ်တဲ့
တို့နှစ်ယောက်ရဲ့အကြားမှာ
စည်းခြားထားရင်
ကောင်းမယ်ထင်လို့ပါ။
ဘာပဲဖြစ်ဖြစ်လေ.....
အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းမှမဟုတ်တာ
ဒါကြောင့်..
မေ့လိုက်ကြရအောင်နော်.
မေ့လိုက်ကြရအောင်
ငြင်းပယ်ခဲ့တာလဲ
မချစ်လို့်မဟုတ်ပါဘူး။
ဟန်ဆောင်ခဲ့တာလဲ
မုန်းလို့မဟုတ်ပါဘူး။
ရက်စက်ခဲ့တာလည်း
သံယောဇဉ်မရှိလို့မဟုတ်ပါဘူး။
တကယ်ဆိုရင်.....
ဆိုင်သူတွေရှိနှင့်ပြီးသားဖြစ်တဲ့
တို့နှစ်ယောက်ရဲ့အကြားမှာ
စည်းခြားထားရင်
ကောင်းမယ်ထင်လို့ပါ။
ဘာပဲဖြစ်ဖြစ်လေ.....
အချစ်ဆိုတာ
ပိုင်ဆိုင်ခြင်းမှမဟုတ်တာ
ဒါကြောင့်..
မေ့လိုက်ကြရအောင်နော်.
Monday, 1 September 2014
အချစ်ရူး
ပြောင်းလဲနေတဲ့ ကမ္ဘကြီးမှာနေထိုင်ပေ
မယ့် မပြောင်းလဲပဲ တိုးတိုးပြီးချစ်နေလျက်ပါ... ဒုက္ခကိုအမှန်မသိအောင် သမုဒယနှင့် ချည်နှောင်ပြီး နင့်နံဘေးကထွက်မပြေးပဲ ချစ်မြဲချစ်လျက်ပါ.... မထူးဇာတ်ခင်းတာမဟုတ် ရူးလောက်အောင်ချစ်တာမို့ချစ်သူရယ်...သင်္ခါရရဲ့ပြောင်းလဲခြင်း တရားကိုငြင်းဆန် ငါပြင်းပြင်းထန်ထန်ချစ်နေလျက်ပါကွယ်.
နင့်ကို သိပ်ချစ်တယ်
နင်မရိုးသားတော့ဘူး
ဆန်းပြားစကားဆိုချင်နေတယ်
ဒီလိုရယ်ပြောလာတော့
ငါအံ့သြမိပေါ့
မရိုးတဲ့စကား
ကြားချင်လျင်ပြောချင်ပါ့
ခဏလေးနော်
မမြင်ခဏ စိတ်အလိုမကျ
တမ်းတလိုတမ်းတ
မြင်စဉ်ခဏ
စိတ်အလိုကျ
အရာရာပြီးပြည့်စုံရ
စိတ်ချမ်းသာလျင်မျှဝေချင်
သခင့်ဆီကိုသာ
သူစိတ်နွမ်းလျတဲ့အခါ
အားပေးနေကြလေ။
မျက်လုံးချင်းဆုံ
ရင်သိမ့်သိမ့်ခုန်
ဆုံနေကြအမြဲ
ဘာမှလည်းမပြောရဲ
စိတ်ထဲကပဲရှိနေတယ်
လူတကာတွေပြော
မမောနိုင်ကြဘူး
သခင့်ကိုပြောပြဖို့ကြတော့
နှုတ်ကဆွံ့အ
စကားအသုံးကိုရွေး
ဆန်းသစ်တာလေးဖြစ်ချင်တယ်
ဝေါဟာရနယ်ကိုမွှေနှောက်ရှာ
အချိန်ကြာသူစိတ်ကောက်
မစီးနိုင်တဲ့မြောင်းတဲ့
ချောက်ချားသွားတဲ့စိတ်
ထိတ်ကနဲဖွင့်ဟဖြစ်
နင့်ကို...သိပ်ချစ်တယ်;;
ကာရံလေး