မိန်းကလေးရယ်
မင်းကိုချစ်ရတာလေ..
ဟိုး...ကမ္ဘာအမြင့်ဆုံးတောင်ကို
အပြေးတက်ရသလိုပဲ
ပင်းပန်းလိုက်တာ
အန္တရာယ်တွေများလိုက်တာ
ဒါပေမဲ့ ငါမမူပါဘူး
မင်းပေးတဲ့ အားမာန်တွေရှိတယ်
မင်းရဲ့မခို့တရို့
အကြည့်,အပြုံးလေးတွေ
စေတနာပါတဲ့
ဖေးမကူညီမှုလေးတွေ
စစ်မှန်တဲ့
ကြင်နာယုယမှုလေးတွေ
ဒါတွေ ဒါတွေအားလုံး...
ငါ့အတွက်အားမာန်ပေါ့
ဒါတွေသာ မင်းငါ့ကို
အမြဲတမ်းပေးထားမယ်ဆိုရင်
ဧဝရက်တောင်ကို
မင်းခေါင်းထက်က
ဆန်ထိုးဖြစ်အောင်လုပ်နိုင်တယ်
ကြယ်စင်တွေကိုတစ်ပွင့်ချင်းသီ
မင်းကေသာထက်က
ပန်းကုန်းအဖြစ်ဖန်တီးပေနိုင်တရ်
ဖိုးရွှေလမင်းကိုလည်း
မင်းလည်တန်ကျော့ကျော့မှာ
လှလှလေးဆွဲဖို့
လည်ဆွဲလေးအဖြစ်
ဖန်တီးပေးနိုင်တယ်
မင်းယုံနိုင်မလား
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ငါ့စေတနာအားမာန်တွေပါ
ကမ္ဘာမှာစွမ်းအားအကြီးဆုံး
အရာဟာ
အချစ်စစ်ကပေါက်ဖွားလာတဲ့
အာမာန်ပဲမိန်းကလေး
အချစ်ကြောင့် ကမ္ဘာဟာ
ပြာကျသွားနိုင်သလို
အချစ်ကြောင့် ကမ္ဘာကြီးကို
စိုပြေလှပလာစေနိုင်တရ်
မိန်းကလေး
တို့နှစ်ယောက်ကမ္ဘာကြီးကို
အလှဆင်ကြရအောင်လေ..
Friday, 3 October 2014
ချစ်ခြင်းအားမာန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment