မင်းလေးရယ်
နွေဥသြတွေ သံစဉ်နှောလို့
တေးဆိုနေကြပြီ
ပူအိုက်လွန်းတဲ့ နွေတစ်ကြော့မှာ
နေလောင်မှာစိုး မင်းခေါင်းထက်က
ထီးကလေးဟာ မင်းအတွက်
အဖေါ်မွန်ဖြစ်သလို
မင်းဆုပ်ကိုင်ထားတဲ့ ထီးတလက်ဟာ
ငါ'ဖြစ်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ
မူပိုပို'မင်းနှုတ်ခမ်းတစ်စုံ
မျက်လုံးလေး ကလည်ကလည်
မဝံ့မရဲ့နဲ့ကြည့်နေတဲ့မင်းအကြည့်
ပဟေဠိဆန်နေတဲ့ မင်းအမူအရာ
မျိုသိပ်ထားတဲ့ မင်းနှလုံးသားမှ
မွန်းကြတ်နေတဲ့ ခံစားချက်ကို
သံစဉ်တစ်ပုဒ်ငြိရင်း
ဟစ်ကြွေးလိုက်ပါတော့လားကွယ်
မင်းနှလုံးသားဒေါင့် တနေရာမှာ
ငါအတွက်နေရာကွက်လပ်ရှိရင်
မင်းအတွက်ဖေးမကူညီပေးဆပ်ဖို့'
အဆင်သင့်ပါပဲ မင်းလေးရယ်
ရီဝေနေတဲ့ မင်းမျက်ဝန်းအိမ်ထဲက
မျက်ရည်တွေကိုမင်းသုတ်
လိုက်ပါတော့ကွယ်
မင်းပျော်ရွှင်စေဖို့
မင်းနံဘေးမှာငါထာဝရ
အားပေးနေမှာပါကွာ
Friday, 3 October 2014
အားငယ်သူသို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment