ဘ၀က အခုမှ
မိုးဦးကျ ပြီးခါစ . . ။
မကြာခဏ . .
လေနုအေးလေးတွေ တိုက်တယ် . . ၊
တိမ်ဖုံးနေတဲ့ အရသာ ကိုလည်း
ရ , တယ်
လန်းလန်းဆန်းဆန်း လေးနဲ့ 
လွမ်းလွမ်းဆွေးဆွေး လေးလည်းဖြစ်တယ် . . .
စိတ်ခံစားမှုဟာ တကယ့်ကို ခံနိုင်ရည် ရှိနေပြီး
အရမ်းကိုလည်း ထိခိုက်လွယ်နေခဲ့ပြီး ဖြစ်တယ်
စိမ်းစိမ်းစိုစို နဲ့ ပဲပေါ့ . . .
ခြောက်ခြောက် ကပ်ကပ် ကိုယ် . . တွေးမိတယ် . . . . ။

No comments:
Post a Comment