ညီမလေးရေ
စိတ်ခံစားမှု့နဲ့ လက်တလောရင်ခုန်မှု့ဟာ အစစ်မှန် မဟုတ်သေးဘူးးး။ကိုယ့်ကို ဘယ်လောက်လုံခြုံ စိတ်ချစွာ ကာကွယ်စောင့်ရှောက်နိုင်မလဲဆိုတာ ထည့်တွက်ပါ။
ညီမလေးရေ
ကိုယ့်တန်ဖိုးကို လွယ်လွယ်လျော့ချမပစ်လိုက်ပါနဲ့ ကိုက တန်ဖိုးထားသလောက် သူကရော တန်ဖိုးထားပါ့မလားဆိုတာကိုရော ထည့်တွက်ဦးးး
ညီမလေးရေ
ကိုက ပေးဆပ်သလောက် သူ့ဘက်က လစ်လပ်နေရင် ၀မ်းနည်းမနေပါနဲ့ တခါတရံ စွန့်လွှတ်ခြင်းကလည်း အကောင်းဆုံးချစ်ခြင်းလို့ အမည်တွင်ပါတယ်။
ညီမလေးရေ
မျှော်လင့်ချက်ဆိုတာ မရှိရင် မနက်ဆိုတာ ဘယ်ရှိတော့ပါ့မလဲ နာကျင်ကြေကွဲမှု့ကို အကောင်းဆုံး ကုသခြင်းဟာ နာကျင်စေတဲ့အရာတွေကို မေ့ထားလိုက်ခြင်းပါ
********ကာရံ********
Thursday, 26 June 2014
ညီမလေးအတွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment