Monday, 30 June 2014

တိတ်တခိုး
 
ရင်မဆိုင်ရဲလို့
ရှောင်လွှဲခဲ့ပေမယ့်
မင်းမျက်ဝန်းတွေကိုချစ်တယ်….
မကြားရဲလို့
နားနှစ်ဖက် ပိတ်ထားပေမယ့်
မင်းစကားတွေကိုချစ်တယ်…
မတုံ့ပြန်ရဲလို့
မျက်နှာလွှဲခဲ့ပေမယ့်
မင်းအပြုံးတွေကိုချစ်တယ်…..
မပိုင်ဆိုင်ရဲလို့
ပစ်ပယ်ဖို့ကြိုးစားခဲ့တဲ့
မင်းနှလုံးသားကိုလည်း
စိတ်နာနာနဲ့ချစ်တယ်

No comments:

Post a Comment