Monday, 30 June 2014

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —
အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့
ဆက်စပ်ပြီးရေးထာခဲ့တာမို့ အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)
အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တိုနီမက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေခဲ့တယ်။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။
(၂ဝဝ၆ ခုနှစ်က ကဗျာအဟောင်းလေး —
အဲသည့်အချိန်က လူပြောများတဲ့ သတင်းတွေနဲ့
ဆက်စပ်ပြီးရေးထာခဲ့တာမို့ အခုအချိန်မှဖတ်ရတာ အဆက်အစပ်မဲ့နိုင်ပါတယ်..)
*ဒဏ်ရာတွေများစွာနဲ့ အက်ကြောင်းထက်နေတဲ့
  ငါ့နှလုံးသားထဲမှာ မင်းကို မေ့လို့မရတဲ့
  ရင်ခုန်သံတစ်စုံရှိတယ်…။
*ချစ်ရသူရေ…
  ဝေးခဲ့ရတဲ့အချိန်တွေ
  ကာလကြာခဲ့ပေမယ့်
  အမြဲတမ်း တမ်းတနေခဲ့တာ
  မင်းလေးကိုရူးရူးမူးမူးချစ်ခဲ့မိလို့ပါပဲ…။
*မင်းနဲ့မတွေ့ရတော့တဲ့နောက်
  ကိုယ်သိပ်မြတ်နိုးဖူးတဲ့ မင်းဆံပင်လေးတွေ
   ကြင်နာခဲ့ဖူးတဲ့အချိန်လေးတွေ
   အရာအားလုံးကို
  ကိုယ်တန်ဖိုးထားတတ်နေခဲ့ပြီ…။
*ချစ်သူလေးရေ…
  ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်တော့တဲ့
  သံယောဇဉ်တွေ
  ဘယ်တော့မှ မကုန်ဆုံးနိုင်တော့တဲ့
  ငါ့ရင်ထဲကအချစ်တွေကို
  မင်းလေးမသိချင်ယောင်ဆောင်နေပေမယ့်လည်း
  မင်းလေးတစ်ယောက်ကို ထာဝရမြတ်နိုးနေဦးမှာပဲ
  ကြေမွနေတဲ့နှလုံးသားတစ်စုံနဲ့ပေါ့…..။
အလုပ်တွေများနေလိုက်တာ…..
ဒါပေမယ့်…..အလုပ်တွေပိနေတာကပဲ….ခံသာသလိုလို….
လုပ်စရာတွေရှိနေတုန်းက မသိသာပေမယ့်…
အလုပ်တွေပါးသွားတဲ့အချိန်မှာ…
ဒဏ်ရာတွေက အသစ်ပြန်ဖြစ်လာတယ်….
မေ့လောက်ပြီထင်တဲ့အကြောင်းတွေ ပြန်စဉ်းစားမိနေတယ်….
သက်သာလောက်ပြီထင်တဲ့ ဒဏ်ရာက…ပတ်တီးဖြေလိုက်တော့…သွေးစိမ်းရှင်ရှင်ထွက်နေတုန်း….
ဘာလုပ်ရင်ကောင်းမလဲ….လိုက်ရှာရတော့မလိုလို….
တစ်ခုခုကို တာဝန်ယူပြီး….လုပ်စရာတွေနဲ့ လုံးပန်းနေရတဲ့ဘ၀က…
လူပင်ပန်း စိတ်ပင်ပန်းပေမယ့်…..ငါ့အတွက်တော့…ပိုသက်သာနေသလို….
ငါ့ရောဂါကို….အချိန်ဆိုတဲ့သမားတော်ကြီးလဲ…လက်မှိုင်ချရပြီထင်ပါ့….
နေရာဆိုတဲ့…ဆေးမှီးတိုလဲ….မတိုး….
နီးစပ်မှုဆိုတဲ့……နောက်ဆုံးပေါ်ဆေးလဲ…..ငါနဲ့ကျမှ….အစွမ်းပျောက်နေရပြီ….
အချိန်တွေကြာခဲ့ပေမယ့်….
အနေတွေဝေးခဲ့ပေမယ့်….
ဘေးမှာ စိတ်ယိုင်စရာတွေများပေမယ့်….
ငါ့ရင်ထဲက နင့်နေရာကို…..ဘာလိုဖယ်ထုတ်လိုက်လို့မရတာလဲ….
တစ်ယောက်ထဲနေရမှာကြောက်ပါရဲ့…..
စဉ်းစားစရာမရှိတဲ့ ညတွေကို ကြောက်ပါရဲ့…..
တစ်ယောက်ထဲရှိနေချိန်တွေ….နင့်အကြောင်းစဉ်းစားမိနေလို့….
စဉ်းစားစရာမရှိတဲ့ညတွေဆို….နင့်အသံတွေ….နင်အပြုံးတွေ…..
ငါ့ခေါင်းထဲမှာ…ရုပ်ရှင်ပြကွက်တွေလို……
နင့်ချစ်သူနဲ့တွဲပြီး ကြည်နူးနေတဲ့ပုံတွေ…..မျက်စိမှိတ်လိုက်တိုင်း…..
အိပ်မက်ဆိုးတစ်ခုလို…….
မြန်မြန်ပြန်ပြီး အလုပ်တွေရှုပ်နေရဖို့မျှော်လင့်တယ်….
ဒီလိုနဲ့ပဲ….တဖြည်းဖြည်းဒဏ်ရာတွေကျက်သွားဖို့မျှော်လင့်တယ်….
အစွဲအလန်းကြီးလွန်းတဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမလား….
သူများခံစားချက်ကို….ခေါင်းထဲမထည့်တတ်တဲ့…နင်တို့ကိုပဲအပြစ်တင်ရမှာလား…..
နင်ပျော်နေတယ်ဆိုရင်….လိုက်ပျော်ပေးနိုင်ဖို့…ကြိုးစားနေပေမယ့်….
အပြည့်အ၀ကြီး မုဒိတာပွားပေးနေဖို့တော့……ငါ့အချစ်တွေက….သဘောထားမကြီးမြတ်လှဘူးချစ်သူ…..
ဟန်ဆောင်အပြုံးတစ်ခုနောက်က မျက်ရည်တွေ….
တက်ကြွနေတဲ့ လူတစ်ယောက်ရင်ထဲက….ကြေမွနေတဲ့ နှလုံးသားတွေကိုမှ…..
နင်းပြီးပျော်ရွှင်နေချင်တယ်ဆို…….
ငါ လိုက်လျောပေးနေပါ့မယ်…..
ဒါပေမယ့်…ငါ…..ဒီဝေဒနာတွေက….လွတ်မြောက်ချင်လှပြီ….
အချစ်နဲ့ ဒဏ်ရာတွေကို…ညှိုနိုင်းရင်း….အသက်ရှုသံတိုင်း….
ငါ့အတွက်….နာကျင်ရတာ….
တကယ်ကို…ပင်ပန်းလွန်းလို့ပါ……
လက်တစ်ဘက်.
ငါလိုဖိနပ်ပြတ်ကိုကောက်မယ့် လက်တစ်ဘက်ရှိတယ်
နွေးနွေးထွေးထွေး ရင်ငွေ့နဲ့အပ်လို့
ချစ်တယ်ဆိုတဲ့စကား အခုငါနားထဲလဲမခါးတော့ဘူး
တချို့တွေက ဖြုတ်ချ.တချို့တချို့တွေများပါဆို ကန်ပါချရဲ့
ပဲ့ခဲ့တဲ့ ငါ့နှလုံးသား.သူအတိုးချပြီးကုစား.
အဟား.တခါတခါ ငါအိမ်မက်များတောင်ထင်မိပါတယ်
သူ့ရင်ခွင်ထဲ တခါတခါ ငါဆိုတာ သေးသေးလေးနဲ့.ကွေးကွေးလေး
တခါတခါ ကလေးလေးလိုပါပဲ
အဲ့ဒါ သူမပေးတဲ့မေတ္တာငါအခါခါပြုတ်ကျရင် အခါခါ ပြန်ဆွဲထူပေးလို့
ငါ့ကိုလည်း နောင်ပြုတ်မကျအောင်သင်ပေးတယ်
ဟုတ်ပါတယ်..သူမဆိုတာ ငါ့အတွက် ဆရာ
တကယ်တော့မရှိမဖြစ်လိုပါပဲငါအလဲအကွဲဖြစ်နေရင်သူ့အတွက် သူ့အလုပ်တွေအကုန်ဖယ်လို့
သူဆိုတာ ငါ့အတွက်ပါပဲ.ငါ့အနားနား အနားကပ်ခါပြောပြတတ်တယ်
ငါ့ဘေးနားမရှိရင်တောင် ငါ့ကို ဘေးစကားတွေမယုံလောက်တဲ့အထိ သက်သေပြတတ်တဲ့သူ
သူဆိုတာ ငါ့အတွက်လူတဲ့……………..
ငါ ဘာအပြစ်လုပ်လုပ်ခွင့်လွှတ်သူ.သူ့ဘေးနားငါမရှိတောင် ချစ်တတ်သူ
တကယ်တော့ ငါ့အတွက်တစုံတရာကိုမွေးဖွားစေခဲ့တဲ့
 …………သူမ..ဆိုတာ…အဲ့လိုလူ…..။ ……
လွမ်းရင်တောင် ကြည့်ဖို့ ငါ့မှာ အလွမ်းပြေဓါတ်ပုံမ၇ှိဘူး
ဆွေးရင်တောင် ငေးဖို့ ငါ့မှာ အမှတ်တရနေရာမ၇ှိဘူး
ကြွေလွင့်ရင်တောင် မျောဖို့ ငါ့မှာ အမှတ်တမဲ့တွေမ၇ှိဘူး
တကယ်တော့
ငါမှာ …
တကယ်တော့
ဘာမှမ၇ှိပါဘူး ..
ဒါပေမယ့် ငါ …
တကယ်ဘဲ လွမ်းနေပါတယ်
၁။သူမ ရဲ့ စကားလုံး အသွား အလာ မှာ
ကျနော်နှလုံးသား ဖျားနာတက်မှန်းလဲ သိတော့
လေစိမ်းတွေ ခဏခဏ တိုက်တော့တာဘဲ ။
၂ ။
သူမရဲ့ အပြူံး တစ်ချက်နဲ့
ကျနော်က ဆောင်းဆိုတာလဲဖြတ်သန်းခဲ့
နွေ ဆိုတာလဲ ရင်ဆိုင်ခဲ့
မိုး ဆိုတာလဲ မမှုခဲ့ တာတွေ သူမ သိတော့
ဟန်ဆောင်အပြုံးတုတွေ ခဏခဏ ခြွေပြခဲ့တယ် ။
၃ ။
တကယ်တော့
လူတစ်ယောက်ကို ချစ်ရတာ
တစ်ယောက်ထဲနဲ့ (၇)နှစ်ထွေအက
ကနေရတဲ့ မင်းသားလို့ဘဲ ကျနော်မှာ
ဘီလူးဆိုင်းတီးလိုက်ရ
အလွမ်းသီချင်းဆိုလိုက်ရ
မျက်ရည်ကြလိုက်ရနဲ့
တစ်ခါတစ်လေ အထီးကျန်ခြင်းနဲ့ အချိန်ပို နှစ်ပါးသွားက ကလိုက်ရသေးတယ် ။
၎ ။
အခုတော့ ကျနော် ဘ၀ က
လူရွှင်တော်တစ်ယောက်လို့ဘဲ
ခံစားချက်တွေနဲ့ ငိုနေလဲ ဟာသလို့ထင်
သစ္စာနဲ့ ပြောပေမယ့်လဲ မုသားလို့ထင်
တကယ်ပါ ကျနော် သူမကိုယ့်ချစ်ခဲ့ပြီးမှာ
လူရွှင်တော်တစ်ယောက်လို ဟားတိုက်ရယ်မောသံတွေကြားထဲမှာ
နေထိုင်လာတက်ခဲ့တယ် ။

အိပ်​​နေလက်​စနဲ့ ဆက်​ပြီးအိပ်​​နေပါရ​စေ
ဒီမိုး​တွေကုန်​ရင်
အိမ်​မက်​အသစ်​​တွေနဲ့​ပျော်​​မွေ့ချင်​လို့ပါ
ထုံဆေးမပြယ်သေးတဲ့
ရင်​ဘတ်​အ​ပေါက်…အပြဲကြီးနဲ့
မျှော်လင့်နေရတာ
မောဟိုက်စပြုနေပြီ
ကျေးဇူးပြု ၍လက်ကမ်း ပေးပါ
မီးသနေတဲ့ စီးကရက်ကို
မရမကဖွာရှိုက်နေသလိုမျိုး  
အာခြောက်လှပြီ…။      
ဘ၀က အခုမှ
မိုးဦးကျ ပြီးခါစ . . ။

မကြာခဏ . .
လေနုအေးလေးတွေ တိုက်တယ် . . ၊
တိမ်ဖုံးနေတဲ့ အရသာ ကိုလည်း
ရ , တယ်
လန်းလန်းဆန်းဆန်း လေးနဲ့ 
လွမ်းလွမ်းဆွေးဆွေး လေးလည်းဖြစ်တယ် . . .
စိတ်ခံစားမှုဟာ တကယ့်ကို ခံနိုင်ရည် ရှိနေပြီး
အရမ်းကိုလည်း ထိခိုက်လွယ်နေခဲ့ပြီး ဖြစ်တယ်
စိမ်းစိမ်းစိုစို နဲ့ ပဲပေါ့ . . .
ခြောက်ခြောက် ကပ်ကပ် ကိုယ် . . တွေးမိတယ် . . . . ။
တိတ်တခိုး
 
ရင်မဆိုင်ရဲလို့
ရှောင်လွှဲခဲ့ပေမယ့်
မင်းမျက်ဝန်းတွေကိုချစ်တယ်….
မကြားရဲလို့
နားနှစ်ဖက် ပိတ်ထားပေမယ့်
မင်းစကားတွေကိုချစ်တယ်…
မတုံ့ပြန်ရဲလို့
မျက်နှာလွှဲခဲ့ပေမယ့်
မင်းအပြုံးတွေကိုချစ်တယ်…..
မပိုင်ဆိုင်ရဲလို့
ပစ်ပယ်ဖို့ကြိုးစားခဲ့တဲ့
မင်းနှလုံးသားကိုလည်း
စိတ်နာနာနဲ့ချစ်တယ်
”ဆန့်ကျင်ဘက်” ဆိုတဲ့
စကားလုံးလေး”သုံးလုံး”ကြောင့်…………
ကျွန်တော် သူ့ကိုချစ်လို့မရတော့ဘူးလား?……….
ဟုတ်ပါတယ် ကျွန်တော်မငြင်းပါဘူး…….
သူကသက်တောင့်သက်သာ
ငြိမ့်ငြိမ့်ညောင်းညောင်းလေး
Driver အကူအညီနဲ့………….
အလှမပျက် စထွက်ကတည်းက
ကိုယ်ပိုင်ကားလှလှလေးပေါ်မှာ………..
ကျွန်တော်က ဘတ်စ်ကားဂိတ်ထိ
လမ်းလျှောက်…………
လာခဲလှတဲ့ ”၁၂၄” ကို
ခြေညောင်းလုမတတ် ရပ်စောင့်…………..
လူကြပ်နေလည်းတိုးလို့စီး
ဇိမ်နဲ့ စီးဖို့ဆိုတာအဝေးကြီးပါ…………..
သူကနေ့လည်စာအတွက်မပူမပင်
ကြိုက်တဲ့ Canteen ဝင်………….
သူငယ်ချင်းတစ်သိုက်နဲ့
ကြိုက်တဲ့ ဟင်းလျာမှာစားနေတဲ့အချိန်……….
ကျွန်တော်ကရှိတဲ့ဟင်းလေးနဲ့
ထမင်းချိုင့်လုပ်…………
တို့စရာချဉ်ပေါင်ပြုတ်လေးနဲ့
တစ်ယောက်တည်းပါ အထီးကျန်…………
ပညာအရည်အချင်းကအစ
သူက စာတော်တယ်
ကျွန်တော်က စာညံ့တယ်……………..
ကျောင်းကျတော့လည်း
သူကမြို့တွင်းမှာတက်တယ်
ကျွန်တော်က မြို့ပြင်မှာတက်တယ်…………..
နောက်ဆုံး…….
သူက ရုပ်လေးလည်းချော
အရပ်လေးလည်းရှည်…………….
အပြောချိုချိုနဲ့ ချစ်စရာကောင်းတဲ့ခင်………….
ကျွန်တော်က ရုပ်ဆိုးဆိုး အရပ်ပုပု
အပြောမတတ်နဲ့ အချောမက်တာကိုး………….
မှန်ပါတယ် သူနဲ့ကျွန်တော်ကဘယ်လိုမှ
ယှဉ်လို့မရပါဘူး……….
သူနဲ့ကျွန်တော်က ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး………..
ဒါပေမယ့် ကျွန်တော်လေသူ့ကို
သိစေချင်လိုက်တာ…………
နှုတ်ခမ်းပေါ်မှာ မှည့်လေးနဲ့
ကောင်မလေးတစ်ယောက်…………
ဒီကဗျာဖတ်ပြီး သူစိတ်ဆိုးမှာ
ကျွန်တော် အရမ်းကြောက်…………
မနီးစပ်တော့ရင်လည်း သူက
ကျွန်တော့်အတွက်……………
ပထမဆုံးနဲ့ နောက်ဆုံးတစ်ယောက်……

Sunday, 29 June 2014

ကာရံ​လေး ဒီ​နေ့​နေမ​ကောင်းလို့ ကဗျာမ​ရေးနိုင်​​တော့ဘူးးးး​ကောင်​မ​လေး တစ်​​ယောက်​ကို အရမ်းချစ်​မိသွားတာ အပြစ်​တခုလားဗျာ။
          သိပ်​ချစ်​တယ်​ ​ကောင်​မ​​လေးရယ်

Friday, 27 June 2014

သိ​စေချင်​တယ်

သိ​စေချင်​တယ်
    ဘယ်​​လောက်​ထိ ချစ်​ခဲ့တယ်​ဆိုတာကို​ပေါ့
သိ​စေချင်​တယ်
      သူနဲ့ပက်​သက်​လာရင်​ အ​သေးမွှား​လေးကစ တန်​ဖိုးထားတတ်​တယ်​ဆိုတာကို​ပေါ့။
   သိ​စေချင်​တယ်
       သူနဲ့ ပက်​သက်​လာရင်​ ဘယ်​​လောက်​ထိ ၀မ်းနည်းလွယ်​တတ်​တယ်​ဆိုတာကို​ပေါ့
      သိ​စေချင်​တယ်
        ဘ၀မှာ အရိုးသားဆုံးချစ်​ခဲ့တယ်​ဆိုတာကိုပါ။
         သိ​စေချင်​တယ်
       ဆုံးရှုံးလိုက်​ရမှာ ​သေမတက်​ ​ကြောက်​​နေတတ်​တယ်​ဆိုတာကိုပါ။
             ကာရံ​လေး

ပေးဆပ်​ခြင်း

ပေးဆပ်​ခြင်းဆိုတာ ကိုယ့်​အလိုအပ်​ဆုံး ဒီကမ္ဘာ​မြေ​ပေါ်က အခြားလူတစ်​​ယောက်​ရဲ့ ​ပျော်​ရွှင်​​နေခြင်းမို့လားးး?
ကျခဲဖူးတဲ့ မျက်​ရည်​တချို့​ကြောင့်​သာ ကာရံ ချစ်​ရတဲ့ သူ​ပျော်​မယ်​ဆိုရင်​ ငို​ကြွေရဖို့ အသင့်​ဖြစ်​​နေလိမ့်​မယ်​။
သည်းခံခြင်းဆိုတာ ကိုက အနီးနားမှာ အမြဲရှိ​စေချင်​ပြီး နာကျင်​မှု့​တွေ ​ပေးတဲ့ လူတစ်​​ယောက်​အတွက်​မို့လားး?
နင်း​ချေသွားတဲ့ မာနတချို့​ကြောင့်​သာ  သူ​ကျေနပ်​မယ်​ဆိုရင်​ ကာရံ အရှုံး​ပေးဖို့ အသင့်​ဖြစ်​​နေလို့ပါ။
ခွင့်​လွှတ်​ခြင်းဆိုတာ ကာရံ နှလုံးသားထဲမှာ ​နေရာအပြည့်​ ယူထားသူရဲ့ အမှား​တွေအတွက်​ အပြစ်​မမြင်​တတ်​ခြင်းမို့လားး?
တကယ်​လို့သာ ကာရံ အညံ့ခံ​ပေးလို့ ၀ံ့ကြွားနိုင်​မယ်​ဆိုရင်​ သူရှိ​နေ​စေချင်​တဲ့ ​သေးငယ်​​သော ကမ္ဘာ​လေးတစ်​ခုမှာ ​ရောင်​ရဲတင်းတိမ်းနိုင်​​အောင်​ ကာရံ ကြိုးစားမှာပါ။။
      ကာရံ

အချစ်​ရဲ့ အခြားတဖက်​မှာ
လိမ်​ညာခြင်းဆိုတာ မရှိခဲ့ရင်​ ​ကောင်းမှာ
အခု​တော့ ချစ်​ခြင်းရဲ့​အ​ရှေ့က
ယုံကြည်​ခြင်းကို အ​လေးထားမိ​တော့
လိမ်​ညာခြင်းတချို့​ကြောင့်
ရင်​နာရုံကလွဲလို့
မျက်​ရည်​​တွေပါ အဆစ်​ပို​ပေးလိုက်​ရတယ်

ဘယ်​​ပျောက်​​နေသလဲ

ကောင်​မ​လေး​ရေ
ဒီ​နေ့ည​တော့ ​တွေ့ခွင့်​မရ​တော့ လွမ်း​နေရဦးမှာ​ပေါ့​နော်​။ဘာ​တွေလုပ်​ပြီး ဘယ်​​တွေ​ရောက်​​နေလဲကွယ်​။အရမ်းသတိရ​နေမိတယ်။
ကောင်​မ​လေး​ရေ

မေ့လို့မရလို့ပါ

လွမ်းတယ်​ နင့်​ရဲ့အသံ​လေး​တွေ
နင့်​ရဲ့စကား​လေး​တွေ
နင့်​ရဲ့ ဂရုစိုက်​မှု့​လေး​တွေ 
မေ့လို့မရလို့ပါဟာ
        ကာရံ

အယူခံ

သစ္စာကို ယုံမှတ်​လို့ ​မေတ္တာကို ပုံအပ်​ခဲ့တာပါ။မယုံကြည်​တာ မဟုတ်​ ဆုံးရှုံးရမှာ​ကြောက်​လို့ တချို့ကိစ္စ​တွေ တားမြစ်​ပိတ်​ပင်​ခဲ့တာ သိပ်​ချစ်​လို့ပါ။
မထားခဲ့ပါနဲ့ မင်း အနားမရှိရင်​ ​အောက်​စီဂျင်​ပျက်​သလို အသက်​ရှုမ၀​တော့ဘူးး
တကယ်​ပါ တသက်​မှ တခါ တခါမှ တစ်​​ယောက်​တည်း ချစ်​ခဲ့တာပါ။
ကြိုမသိလို့ မနက်​ဖြန်​ဆိုတာ ဘာဖြစ်​မှန်းမသိ​ပေမဲ့ ဒီ​နေ့​လေး​တော့ ငါ့အနားရှိ​နေ​ပေးပါ
      ညီမ​လေးရာ

ထာဝရ

ကျောချင်းကပ်​ထားတဲ့ နှလုံးသားတစုံဟာ ​ကြေကွဲမှု့​နဲ့ အလွမ်းတချို့ မရှိ​တော့ဘူးလား?
မျက်​ရည်​ဆိုတာ မ​ပြောဖြစ်​ခဲ့တဲ့ စကားလုံး​တွေ​ပေါင်းစုပြီး ခံစားချက်​​တွေ ရင်​နှင့်​မမျှလို့ ရင်းလိုက်​ရတဲ့အခါ ကျဆင်​လာတဲ့ သက်​​သေဆိုရင်​​ရော ယုံနိုင်​ပါ့မလား?
ရက်​ဘတ်​ထဲက နာကျင်​မှု့​တွေကို လျှိုဝှက်​လိုက်​တယ်​။ဖုံးကွယ်​လိုက်​တယ်​ဆိုတာ ခံစားချက်​မဲ့​နေခဲ့လို့မှ မဟုတ်​တာ ။
ဒီလိုပါဘဲ တချို့ခံစားချက်​​တွေဟာ ဘာဖွင့်​ဆိုချက်​မှ မရှိ​ပေမဲ့ ရင်​ဘတ်​တ​နေရာမှာ​တော့ မ​မေ့မ​ပျောက်​ရှိ​နေတတ်​တယ်​။
        ကာရံ

နင်​သိသင့်​ပါတယ်

နင်​ ငါ့ကို အမြဲတမ်းငို​အောင်​ လုပ်​ခဲ့တယ်​။ဒါ​ပေမဲ့ ငါနင့်​ကို စိတ်​မဆိုးခဲ့ဘူးး
အဲ့ဒါဟာ အရမ်းနာကျင်​ခံစားရခက်​တယ်​။ဒါ​ပေမဲ့ ငါ နင့်​ကို မမုန်းခဲ့ဘူးးး
အမြဲတမ်းSorry လို့ ​ပြောခဲ့တယ်​။ဒါ​ပေမဲ့ ငါ နင့်​ကို အပြစ်​မမြင်​ခဲ့ဘူးး
ကတိ​တွေ ထပ်​ခါတလဲလဲ​ပေးပြီး ကတိမတည်​ခဲ့ဘူးးဒါ​ပေမဲ့ ငါ နင့်​ကို အမြဲတမ်းနားလည်း ခွင့်​လွှတ်​​ပေးခဲ့တယ်​။အရမ်းနာကျင်​​နေ​ပေမဲ့လဲ နင့်​​ရှေ့မှာ အမြဲပြုံပြ​ပေးခဲ့တယ်​။အဲ့ဒါ​တွေဟာ နင့်​ကို အရမ်းချစ်​လို့ဆိုတာ နင်​ သိသင့်​ပါတယ်​။

ဆုံစည်းခြင်းရဲ့ ​နောက်​ကွယ်​မှာ ​ဝေးကွာခြင်း​တွေ ရှိတယ်​ဆိုတာကို လက်​ခံလို့ရ​ပေမဲ့လည်း မဆုံရ​သေးတဲ့ တို့နှစ်​​ယောက်​ ​ဝေးရတာ​တော့ ရင်​နာတယ်။အ​လေ့ကျ​ပေါက်​တဲ့ ရင်​ခုန်​သံ​တွေနဲ့ လျှပ်​တပြတ်​သာယာတဲ့ ချစ်​ခြင်း​တွေ နင့်​အ​ပေါ်မထားခဲ့တာ​တော့ ​သေချာပါတယ်​။
နေ့​တွေ ည​တွေ ​ပြောင်းလာတာနှင့်​အမျှ ​ ​ပြောချခွင့်​မရခဲ့တဲ့ ငါချစ်​ခြင်း​တွေကို ဘယ်​​နေရာမှာ သိမ်းဆည်းထားရမလဲ?

ခရီးထွက်​ရ​တော့မယ်​နဲ့တူပါရဲ့

ကာရံ​လေး ယ​နေ့ ဘုရားမှာ ဦးချပြီး ဆု​တောင်းခဲ့တယ်​။ခရီလမ်း​ဖြောင့်​ဖြူးပြီး အစစ အရာရာ အဆင်​​ပြေပါ​ရ​စေလို့ ​တောင်​ဆု​လေးသာ ပြည့်​ဝခဲ့မယ်​ဆိုရင်​ ကာရံ​လေး အရမ်းဆပျာ်​မိမျာ အမှန်​ပါဘဲ

Thursday, 26 June 2014

ဒဏ်​ရာ

ဆုံမှတ်​​တွေ ကွဲလွဲ​နေခဲ့တဲ့ တို့​တွေရဲ့ ဘ၀မှာ သက်​တန့်​သစ်​က​လေး​တွေ ဆုံခွင့်​ရဖို့ ကြိုးစားရင်း
ဟိုးးးးအ​ဝေးက လမ်းမ​ပေါ်ကို ​မျှော်​မှန်းဆလို့ လွမ်းချင်​ကု​ဋေကုဋာနဲ့ လမ်း​လျှောက်​​နေခဲ့ရတယ်​။
ခံစာချက်​​တွေ လျစ်​လျူရူ့ခဲ့ချင်​​ပေမဲ့ ရက်​စက်​တတ်​တဲ့ နှလုံးသား ဘယ်​​နေရာမှာများ ကျ​ပျောက်​ခဲ့သလဲဆိုတာ စဉ်းစားလို့ မရခဲ့တယ်​။
အိပ်​ပျက်​ညတိုင်း ဟာ မင်း​ကြောင့်​ပါဆိုတဲ့ မစွပ်​စွဲချင်​​ပေမဲ့ တချို့ ​သော အ​ကြောင်းရာ​တွေဟာ မင်းနဲ့ လွတ်​ကင်းလို့ မရ​အောင်​ ပက်​သက်​​နေခဲ့တယ်​။
လွပ်​လပ်​စွာ ပြုံ​နေရ​ပေမဲ့ ငါ့နှလုံးသားထဲမှာ ဒဏ်​ရာအနာတရ များစွားနဲ့ ​ကြေကွဲ​နေရတယ်​ဆိုတာ မင်း​လေးသိရင်​ သိပ်​​ကောင်းမှာပါ။
         ******ကာရံ*****

ညီမ​လေးကို အရမ်းချစ်​တယ်

မခို့တရို့နဲ့ အပြုံ​လေး​တွေ​အောက်​မှာ ​သေရ​လောက်​​အောင်​ စွဲလမ်းမိ​နေတာပါ ညီမ​လေး​ရာ။
မင်းသိမလားးးဖွင့်​​ပြောဖို့ စိတ်​ကူးမိတိုင်​ ကာရံရဲ့ အ​တွေး​တွေ တိတ်​ဆိတ်​စွာ ​လေလွင့်​ပျက်​ပျယ်​သွားခဲ့ရတယ်​။ပါးချိုင့်​​လေးနှစ်​ဘက်​နဲ့ သိပ်​လှတဲ့ ညီမ​လေးရဲ့ အပြုံ​တွေက ကာရံအတွက်​​တော့ ကြည့်​မ၀တဲ့ အလှပ​လေးတခုပါကွာ။ညီမ​လေး  ကာရံရဲ့ အ​​ဝေးကို ဘယ်​​တော့မှ ထွက်​မသွားပါနဲ့​နော်​။ကာရံကို ညီမ​လေး ချန်​ထာခဲ့မှာ သိပ်​စိုးရိမ်​​နေမိတယ်​။
        ညီမ​လေးကို အရမ်းချစ်​တယ်

ရည်​ရွယ်​သူတစ်​​ယောက်​သို့

တိတ်​ဆိတ်​တဲ့ နှလုံးသားတ​နေရာကို 
နွေး​ထွေးတဲ့ အပြုံး​တွေနဲ့ တိတ်​တဆိတ်​ သူမ
ဝင်​​ရောက်​လာခဲ့တယ်​။
အစတုန်းက​တော့ အမှုမဲ့ အမှတ်​ပါဘဲ။
နှလုံးသားကို အလိုလိုက်​မိတဲ့​တ​နေ့ ဖြူစင်​တဲ့ ၅၂၈​မေတ္တာကို ​အ​ရောင်​​တွေပါတဲ့ ၁၅၀၀အချစ်​အဖြစ်​ ​ပြောင်းလဲဖို့ ကာရံ မျုက်​မဲစွာ ကြိုးစားခဲ့တယ်​။
အဲ့ဒီအတွက်​ သူမဆီက ပြန်​ရလိုက်​တဲ့ အရာ​တွေလည်း ရှိတယ်​။
အဲ့ဒါ​တွေက ကာရံ မလိုချင်​တဲ့ အရှုံး​တွေနဲ့ အမုန်း​တွေပါဘဲ။ဒါ​ပေမဲ့ ကာရံ ကျေနပ်​တယ်​။
ဘာလို့လည်းဆို​တော့ ရှုံးနိမ့်​မှာသိ​နေတဲ့ နှလုံးသားတိုက်​ပွဲတခုမှာ  အချစ်​ကို ယုံကြည်​ပြီးးး
မိုက်​မဲစွာ တိုက်​ပွဲဝင်​ခဲ့တာ​လေ----------
ဘာဘဲဖြစ်​ဖြစ်​ ရှုံးနိမ့်​ခဲ့​ပေမဲ့ သူမကို မမုန်းခဲ့ပါဘူးး
ဒါ​ပေမဲ့ သူမကို အရမ်း​ပြောချင်​​နေတဲ့ စကားတခွန်းရှိတယ်​။
တ​နေ့​နေ့ မင်းရဲ့ နှလုံးသား ပလ္လင်​ထက်​မှာ နန်းတင်​ဖို့ ဘုရင်​တပါးကို ​ရွေးချယ်​​တော့မယ်​ဆိုရင်
တချိန်​က အချစ်​ကို ယုံကြည်​ပြီး မိုက်​မဲစွာ တိုက်​ပွဲဝင်​ခဲ့တဲ့  စစ်​သူကြီး တစ်​​ယောက်​ကို ​မ​မေ့ပါနဲ့။။။

လွမ်း​နေရဦးမယ်

ချစ်​ခြင်းရဲ့ အခြားတဘက်​ ဆန့်​ကျင်​ဘက်​အရပ်​မှာ ခမ်းနာတဲ့ အလွမ်း​နေ့ရက်​​တွေ ရှိ​နေခဲ့တယ်​ဆိုတာ ကာရံ တကယ်​မသိခဲ့ဘူးး
ပန်းဆိုတာ နွမ်းဖို့ ပွင့်​ခဲ့ကြတာ မဟုတ်​သလို ​ကာရံလည်း ညီမ​လေးကို လွမ်းဖို့ ချစ်​ခဲ့တာ မဟုတ်​ဘူး​လေ။ဒါ​ပေမဲ့ ပွင့်​မိ​တော့လည်း နွမ်းကြရသလို ချစ်​မိ​တော့လည်း လွမ်း​နေရဦးမှာ​ပေါ့ ညီမ​လေးရယ်
    ******ကာရံ*****

ညီမ​လေးအတွက်

ညီမ​လေး​ရေ
စိတ်​ခံစားမှု့နဲ့ လက်​​တ​လောရင်​ခုန်​မှု့ဟာ အစစ်​မှန်​ မဟုတ်​​သေးဘူးးး။ကိုယ့်​ကို ဘယ်​​လောက်​လုံခြုံ စိတ်​ချစွာ ကာကွယ်​​စောင့်​​ရှောက်​နိုင်​မလဲဆိုတာ ထည့်​တွက်​ပါ။
ညီမ​လေး​ရေ
ကိုယ့်​တန်​ဖိုးကို လွယ်​လွယ်​​လျော့ချမပစ်​လိုက်​ပါနဲ့ ကိုက တန်​ဖိုးထားသ​လောက်​ သူက​ရော တန်​ဖိုးထားပါ့မလားဆိုတာကို​ရော ထည့်​တွက်​ဦးးး
ညီ​မ​လေး​ရေ
ကိုက ​ပေးဆပ်​သ​လောက်​ သူ့ဘက်​က လစ်​လပ်​​နေရင်​ ၀မ်းနည်းမ​နေပါနဲ့ တခါတရံ စွန့်​လွှတ်​ခြင်းကလည်း အ​ကောင်းဆုံးချစ်​ခြင်းလို့ အမည်​တွင်​ပါတယ်​။
ညီမ​​လေး​ရေ
မျှော်​လင့်​ချက်​ဆိုတာ မရှိရင်​ မနက်​ဆိုတာ ဘယ်​ရှိ​တော့ပါ့မလဲ နာကျင်​​ကြေကွဲမှု့ကို အ​ကောင်းဆုံး ကုသခြင်းဟာ နာကျင်​​စေတဲ့အရာ​တွေကို ​မေ့ထားလိုက်​ခြင်းပါ
        ********ကာရံ********

သစ္စာတရားတခုပါ

တ​နေ့ ငါတို့နှစ်​​ယောက်​ ဆုံနိုင်​ခွင့်​ရှိလို့ နီးစပ်​ခဲ့ရင်​ မြတ်​နိုးမှု့နဲ့ ဂရုစိုက်​​နေမှာ ​သေချာပါတယ်​။
တ​နေ့ ငါတို့နှစ်​​ယောက်​ မ​တော်​တဆ ​ဝေးသွားခဲ့ရင်​ ဘာ​ကြောင့်​​မေ့လိုက်​တာလဲ ဆိုတဲ့ အ​ကြောင်းမျိုး ငါ့ကို ​မ​မေးပါနဲ့ ငါမရှိသင့်​​တော့လို့ နင့်​ဘ၀ထဲက ထွက်​ခွာသွားတာဆိုတာ ​သေချာပါတယ်​။
        ကာရံ*********

လှောင်​ပြုံး​တွေလား

ကျွန်​​တော်​မြင်​​တွေ့တိုင်း ပြုံးသွားခဲ့တာ​တွေက ကျရှုံးသွားခဲ့တဲ့ ​ကောင်​​လေးဆိုပြီး အနိုင်​ရလိုက်​လို့ ​လှောင်​ပြုံး​နေတာလားဗျာ။ရပါတယ်​ နင်​​ပျော်​မယ်​ဆ်ုရင်​ အစစအရာရာ အဆင်​​ပြေပါတယ်​။ဒါ​ပေမဲ့ နယူတန်​ရဲ့ နိယာမ​လေးကို ​မေ့​နေရင်​​တော့ ကျွန်​​တော်​လိုဘဲ ခင်​ဗျာ ပြန်​၀ဋ်​လည်​လိမ့်​မယ်
ကောင်​​လေး******ကာရံ

Wednesday, 25 June 2014

နားမလည်းနိုင်သေးဘူး
ဘယ်လိုမှ ဆုံနိုင်ခွင့် တစုံတရာ
မရှိခဲ့တဲ့ ကောင်လေးတို့နှစ်ယောက်ကို
ဘာလို့များ ခဏတာ ရူးသွပ်ခွင့်ကို
ကံကြမ္မာက ပေးရတာလည်း
ခုထက်ထိ နားမလည်နို်င်သေးဘူး။
I need you
{ကောင်လေးရဲ့ ဘ၀ ပဲ့ကိုင်ရှင် အဖြစ်ပေါ့}
I note you
{မ ရဲ့ အချစ်တွေကိုပေါ့}
I miss you
{အမြဲတမ်းနော်}
I love you
{ထာဝရထက် ရက်ရက်စက်စက်ပိုမြတ်နိုးတယ်}
I wanna be love you.
ဘယ်လောက်ဘဲ ချစ်တယ်ပြောပြော
ကို့ချစ်သူပျော်ရွှင်ဖို့ ပေးဆပ်ရတာ
ကျေနပ်တယ်လို့ ပြောနေပေမဲ့
ကိုယ့်ချစ်သူ ကွယ်ရာမှာတော့
အငိုမျက်လုံး အပြုံးမျက်နှာလေးနဲ့
တိတ်တဆိတ် ကြေကွဲနေတတ်ပါတယ်။
ကောင်လေးအနားမျာ အမြဲနေပါလို့တော့ ဆွဲမခေါ်ထားချင်ဘူး။ဘယ်သူ့အနားမှာလည်း အတင်းသွားနေဖို့ စိတ်မကူးခဲ့မိဘူး။ဆန္ဒတွေသာ ထပ်တူကြမယ်ဆိုရင် ဘယ်သူ့ကိုမှ လက်ယပ်ခေါ်စရာ မလိုဘဲ တစ်ယောက်နဲ့တစ်ယောက်အတူလက်တွဲလို့ ရနိုင်တယ်လေ။
နှစ်ဦးသဘောမပါဘဲ ဘယ်လမ်းမှ မလျှောက်ချင်ပါဘူး။
အလွမ်းတဲ့
မလာပါနဲ့လို့လည်း တားလို့မရခဲ့ဘူး။
  ပြန်ပါလို့လည်း နှင်လို့မရဘူး။
ဝရုန်သုန်ကားနဲ့ ခဏခဏလာတယ်။
ဟောဒီရင်ဘက်ကသာ နံရိုးကျိုးသလို
တစစ်စစ် နာကျင်ကျန်ခဲ့ရတယ်"""""""""""
အရမ်းချစ်နေမိတဲ့သူက အလိုလိုက်ထားခဲ့တာကို အပြစ်မရှိ အပြစ် တစုံတရာ ရှာဖွေကာ အသဲကွဲဒဏ်ရာကို ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်အား သင် မခံစားခိုင်းပါနဲ့ တနေ့ သင်လည်း နောင်တဆိုတဲ့ အရာတစ်ခုနဲ့အတူ တန်ပြန်ဝဋ်ကြွေး ပြန်ပေးဆပ်ရလိမ့်မယ်။
******ကောင်လေး*******
၂ယောက်လုံး ပျော်ရွှင်နိုင်ဖို့ အခွင့်တစ်ခု ကောင်လေးတို့ ၂ဦးအတွက် မရှိခဲ့တာ သေချာနေမှတော့ အရာရာ´မ`အတွက်ဆို ဦးစားပေးနေတတ်တဲ့ ကောင်လေးဘဲ ၀မ်းနည်းမှု့တွေနဲ့ တစ်ယောက်တည်း နေရစ်ခဲ့ပါ့မယ်။´´မ```ပျော်နေရင် အရာအားလုံးအဆင်ပြေပါတယ်။ကောင်လေး အထီကျန်စွာ ငိုနေရတာက လွဲရင်ပေါ့--==----
************ကောင်လေး********
အရမ်းးးးးချစ်နေတဲ့ ကောင်လေး ရင်ထဲက အလွမ်းမီးလေးတွေကို မ ရဲ့ အကြင်နာလေးတွေနဲ့ တယုတယ ငြိမ်းသတ်ပေးပါ့လား --------
*******ကောင်လေး*-*--*---ကာရံ
မ မရှိတဲ့ အချိန်က စပြီး လ ဆိုတာ မသိ ညဆိုတာဆိုတာ မရှိတော့လောက်အောင် ကောင်လေးဘ၀က အမှောင် အတိ ကျသွားခဲ့ရတယ်။ဘယ်အချိန်များမှ အလင်း ရ လာမလဲလို့ အမှောင်ထဲမှာ စိုးတထိတ်ထိတ် တုန်လှုပ်စွာ တစ်ယောက်တည်း ငိုနေခဲ့ရတာ အခုချိန်ထိပါ။
*******ကောင်လေး*********ကာရံ
မ ရယ် ကောင်လေး မျက်ရည်ကျလို့ အထင်သေး မသွားပါနဲ့နော်။
ယောက်ကျားတော့ ယောက်ကျားစစ်စစ်ပါ။လူထဲက လူတစ်ယောက်ပါဘဲ နှလုံးသားက နုလို့ ကြမ်းတမ်းစိမ်းသက်လွန်းတဲ့ အမုန်းရဲ့ ဒဏ်ရာကို ပြန်လည်မခုခံနိုင်လို့သာ မျက်ရည်ကျရတာပါ မ ရယ်။ခုခံဖို့အတွက်လည်း ကောင်လေး မကြိုးစားချင်ပါဘူး။မ ထားခဲ့တဲ့ ဒဏ်ရာတွေကို အမှတ်တရ အဖြစ် တယုတယ အမြဲ သိမ်းထာချင်လို့ပါ။------
*******ကောင်လေး********
ဘ၀မှာ ကျန်တဲ့အရာတွေ မရရှိလို့လည်း ဖြစ်တယ်။
မ မရှိတဲ့ ကမ္ဘာမှာတော့ နေလို့ မဖြစ်နိုင်တာ သေချာတယ်။
ရနိုင်တဲ့ အရာတွေ အများကြီးထဲက ဘာတစ်ခုမှ မမျှော်လင့်ခဲ့ပါဘူး။
မရနိုင်တဲ့သူဆီကသာ မပေးနိုင်တဲ့ အချစ်တွေကို ရူးသွပ်စွာ မျှော်နေခဲ့မိတာပါ-------
********ကောင်လေး********ကာရံ
ချစ်မိတဲ့ ရက်ကစပြီး လွမ်းတတ်ခဲ့တာလားဆိုတော့ သေချာ မသိဘူး။
ဝေးသွားတော့ ပိုသတိရနေမိတာကတော့ သေချာတဲ့ အဖြေတစ်ခုပါ...
*****ကောင်လေး*********ကာရံ
ဘယ်လောက်ဘဲ ဥာဏ်ကောင်းနေတဲ့သူ ဖြစ်ပါစေ။
အချစ်နဲ့ ပက်သက်သွားရင်တော့ ကောင်လေးလိုဘဲ ကမ်းမမြင် လမ်းမမြင် ဖြစ်တတ်တာ အဲ့ဒါ သဘာဝဆိုတာ ဖြစ်နိုင်ပါ့မလား?
******ကောင်လေး*******ကာရံ
´စ` တာပါကွာ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ အမှန်တရား တချို့ရှိတယ်။
ငါ မသိပါဘူးဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ အသိပညာတချို့ရှိတယ်။
ငါ ဂရုမစိုက်ပါဘူးဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ခံစားချက်တချို့ရှိတယ်။
အဆင်ပြေပါတယ်ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ နာကျင်မှု့ တချို့ရှိနေခဲ့တယ်။
ကို့ရဲ့ အသိဉာဏ်ကို အထင်သေးခံရတာ ကို့အရည်ချင်းတွေကို တန်ဖိုးမထားတာ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ဂုဏ်မပြုနိုင်ကြတာတွေ တွေ့ဖူးကြုံဖူးကြမှာပါ။
အဲ့ဒီအခါမျိုးမှာ ကျောက်ဆောင်တစ်ခုလို မတုန်မလှုပ် ကြံ့ကြံ့ခိုင်ပြီး ကိုယ်လုပ်သင့်တာကို ဆက်လုပ်ဖို့ အားပေးပါရစေ။
အချိန်တန်ရင် ကိုရောက်ရှိတဲ့ဘ၀တခုက အမှန်တရားတွေ ပြသ သွားမှာ သေချာလို့ပါ။
********ကောင်လေး******ကာရံ
လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် သူနဲ့ပက်သက်တဲ့ အသေးမွှားလေးက စ အရာရာကို ဂရုတစိုက်ရှိလာတတ်တယ်။
တခါတရံ ကို့အပေါ် ဂရုမစိုက်သလို သူ့ရဲ့ အပြုမူတွေကို ခံစားလိုက်ရတဲ့ အခါ အရမ်းကို ၀မ်းနည်းနေတတ်တယ်။
သူ့အပေါ် ယုံကြည်မှု့လေးတွေ ရှိနေပေးနိုင်ပေမဲ့ သူ့အနီးနားက သူတွေအပေါ် ယုံကြည်မှု့တွေ ပေးနိုင်ဖို့ ခက်ခဲနေတယ်။
တခါတရံ သူ့ရဲ့ အလေးထားမှု့တွေ ခံစားချင်လို့ အနိုင်ယူသလို အပြုမှုလေးတွေ လုပ်လိုက်ပေမဲ့ ကိုယ်ကပဲ ပြန်လည် အလျော့ပေးနေမိပြန်တယ်။
သူ့ကို တဘ၀လုံးစာ လက်တွဲသွားမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိနေပေမဲ့ သူ့ကို ဆုံးရှုံးလိုက်ရမယ်ဆိုတဲ့ အတွေးတွေကို တွေးရင်း ကြောက်နေမိတတ်တယ်။
*******ကောင်လေး*********ကာရံ
သတိရတိုင်း နင့်အကြောင်းတွေ အတွေးထဲမှာ ဖွင့်ကြည့်မိတဲ့ အခါ ငါတစ်ယောက်တည်း ပြုံးနေတတ်တယ်။
အပေါင်းသင်းများကြာမှာ တစ်ယောက်ယောက်က နင့်အကြောင်းတွေ စ မိတဲ့အခါ ငါ့နှုတ်ခမ်းတွေ ချိုမြိန်အောင် ပြုံးထားမိတယ်။
နွေးထွေးတဲ့ နင့်ရဲ့ ဂရုစိုက်ခြင်းတွေကို ရတဲ့အခါ နေ့ရက်တိုင်းဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတယ်။
ဒါပေမဲ့ ဘယ်အချိန်မှာ ရောက်လာမယ်မှန်း မသိသေးတဲ့ ဆုံးရှုံးခြင်းအကြောင်းကို တွေးမိတဲ့အခါ ငါ အလိုလို အားငယ်ရင် ၀မ်းနည်းတတ်လာခဲ့တယ်-------
*********ကောင်လေး**********
သိပ်ချစ်ရသော ´မ` ရေ
သတိမရလို့လဲ မဟုတ်ဘူး။မလွမ်းလို့လဲ မဟုတ်ပါဘူး။မေ့နေဖို့ဆိုတာ ကတော့ ဝေးပါတယ်။
အချိန်တိုင်း ကောင်လေးရဲ့ ခေါင်းထဲမှာ မ ရဲ့ အကြောင်းတွေ သွေးကြောထဲမှာ အမြဲလယ်ပါတ်နေတာလေ။
အလွမ်းစာတွေ မရေးဖြစ်တော့တာက ချစ်ရတဲ့ မ ကို မေ့သွားလို့ မဟုတ်ဘူး။အလုပ်ထဲမှာဘဲ အချိန်များစွာ ကုန်လွန်သွားလို့ မရေးဖြစ်တာဆိုတာ ကောင်လေးကို သနားရင် ချစ်ရသော မ တစ်ယောက် နားလည်ပေးပါနော်။
လွမ်းတယ် မ ရယ်
လိမ်ညာရတဲ့ အထဲမှာ ကိုယ့်ကိုယ်ကို ပြန်လိမ်းညာမိတာလောက် စိတ်ပျက်စရာကောင်းတာမရှိဘူးးးး
မချစ်ချင်ယောင်ပီး နှလုံးသားရဲ့ ခံစားချက်ကို ဖုးံကွယ်ထားရတာတော်တော်ဆိုးတယ်။
  
                               အသေလဲပြေးနေမှတော့

ပြေးတဲ့ သူက အသေအလဲ လိုက်တဲ့လူက ၀ရုန်သုန်ကားနဲ့ ဖြစ်ပုံကတော့ မသန်းတောင် မှတ်တမ်းတင်လောက်တယ်။အံ့သြစရာ နွေကမ္ဘာထဲမှာ ရင်နာစရာ အဖြစ်ပျက်တွေလဲ ရှိခဲ့ဖူးတာပေါ့။ပြန်တွေးပီးတော့လဲ ၀မ်းနည်းမနေချင်ဘူးးးးးထွက်ပေါက်ရှာပြီး ဖြေသိမ့်လိုက်မယ်