Friday, 3 October 2014

မျှော်​လင့်​ခြင်းဆီသို့

မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်​မှာ ကစဉ်ကလျားသော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကိုအ​ဖော်​ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ
လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ လွတ်မြောက်ချင်​လည်း
ထွက်ပေါက်မ​ပေးတဲ့
နံရံပိတ်ထားတဲ့တံခါး
ထင်းမရှိတဲ့မီးလင်းဖို့
မမြင်ရတဲ့ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်​ရသလား.... လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သောကောင်းကင်ပြာ
နွေးထွေးခြင်းနေခြည်ဖြာမှာ
ငါဟာ..အ​​နှောင့်အဖွဲ့ကင်းစွာနဲ့
ကမ္ဘာဦးလူသားတစ်ယောက်လို
အပူအပင်​မဲ့ ပြေးလွှားနေချင်​ရဲ့
အခုတော့များ မာယာပိုက်ကွန်ထဲက နှလုံးသားအချစ်ဟူသော
နတ်ဘုရားနှင့်ယင်းကို
ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှပစ်ခွင်းသော
ရင်​မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့ရယ်မောသံများရဲ့
အဆုံးမ​တော့အတိတ်ခါးခါးကို ဆေးကြောဖို့ရာဘယ်မှ
ထွက်ပေါက် ရှာမရခဲ့ဘူး . . .မျှော်လင့်ချက်ကတံခါးပေါက်အပြင်​မှာ
ငါ့မှာတော့နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကိုရူးမိုက်စွာခံစား
ရင်းနှီးပြီးသား ကြမ်းပြင်​မှာလဲလျောင်းလို့
ငါ့ဝိညာဉ်ကိုလွတ်မြောက်စေ​တော့မယ်... ခေါ်သံတွေရဲ့အ​ဝေးကို
ရယ်မောသံများရဲ့အ​ဝေးကို
မျက်နှာကျက်​ရဲ့အ​ဝေးကို
နံရံတွေရဲ့အ​ဝေးကို
တံခါးများရဲ့အ​ဝေးကို
ကျိန်စာများရဲ့အ​ဝေးကိုပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့
စေစားရာကောင်းကင်ပြာလွင်ပြင်​တစ်ခုဆီ
ငါ့လိပ်ပြာလေး လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့....

မစာနာတတ်​သူသို့

မင်းရဲ့ဥပေက္ခာပြုမှု့တွေကြောင့်
ငါ့နှလုံးသားအိပ်ပျော်နေခဲ့တာ
ကာလအတန်ကြာရော့ပေါ့

မင်းပေးခဲ့တဲ့ဝေဒနာတွေကြောင့်
အနာတရဖြစ်ခဲ့သောငါ့နှလုံးသား
အနာကျက်လုနီးကာမှ....
မင်းကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
စဲသွားလုနီးကာမှ....
မင်းအတွက်နဲ့ပေါက်ဖွားလာတဲ့
ငါ့ကဗျာတွေ
အဆုံးတတ်လုနီးကာမှ....
မင်း အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
လှုပ်နှိုးရက်တယ်

အနာကျက်လုလုငါ့နှလုံးသားကို
တစ်ခါနာကျင်အောင်
လုပ်ရက်တယ်​၊
စဲမယ်လုလုငါ့မျက်ရည်တွေကို
တစ်ခါပြန်ပြီးငိုအောင်လုပ်တယ်​၊
အဆုံးသပ်လုငါ့ကဗျာကို
မပြီးဆုံးအောင်မင်းလုပ်တယ်​၊

ဘယ်လိုအငြိုးရယ်ကြောင့်များလဲ
မိန်းကလေးရယ်
မနှင်ပါဘဲ ငါ့နှလုံးသားကို
စုန်ကန်ထွက်သွားတယ်
အခုမခေါ်ပါဘဲ
အနာမကျက်သေးတဲ့နှလုံးသားထဲ
အတင်းဝင်ရောက်လာတယ်
မင်းငါ့ကိုအသေသတ်ဖို့အထိတောင် ရည်ရွယ်ထားသလားကွယ်

အစကတည်းက
မင်းအတွက်ဆိုရင်
အရာအားလုံးစတေးပြီးထားပါ
ခုအနေအထားနဲ့
ငါလဲအသက်မဆက်ချင်တော့ပါဘူး
မင်းသဘောကျလုပ်လိုက်ပါတော့
မိန်းကလေးရယ်

လွမ်းစိတ်​​ဝေ​ဝေ

ကံကြမ္မာက ဒဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေဝေရပြန်ပြီလေ..

လွမ်းတယ်

ရက်လနှစ်ရှည် သံယောဇဉ်ညှိလာပြီးမှ
အခုလို ဆောင်းဟေမာန်ရဲ့
မျက်လှည့်ပြမှုအောက်မှာ
ကိုယ့်ကိုအလွမ်းတွေပိုအောင်'
အထီးကျန် လူတစ်ယောက်အဖြစ်နဲ့
ဒီလိုပဲထားခဲ့တော့မှာလားကွယ်
အလွမ်းပင်ကိုပျိုးပြီး အလွမ်းမိုးတွေ
ရွာသွန်းစေခဲ့တာလဲ နင်ပဲနော်
အခုတော့......
အဲဒီအလွမ်းဒဏ်ရာကို
နင်လာကြည့်လှည့်ပါဦးလားကွယ်
တစ်ချိန်တုန်းက
နင့်အနမ်းဒဏ်ရာတွေဟာလဲ
ခုချိန်ထိ(လတ်​ဆတ်​ဆဲ)
ထင်ကျန်နေဆဲပါ
မေ့ဖျောက်လို့မရနိုင်တဲ့
အတိတ်ပုံရိပ်ဟောင်းတွေဟာ
ကိုယ့်​ကိုအလွမ်းတစ်ခုဖြစ်အောင်
ဖန်တီးခဲ့တာလားကွယ်
လွမ်းတယ်ကွယ်

တကယ်​ပါချစ်​သူ

ပေးဆပ်မှုတောင်​ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်​တဲ့ နှလုံးသားရပ်ဝန်းရှိတယ်။ မြှားတစ်စင်းဆင်းရုံလေးနဲ့တော့
မကျီစားပါနဲ့ ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်​မက်​ရှည်တွေကို အခါခါခေါက်သိမ်းရင်း မြတ်နိုးမှုသက်သက်နဲ့တင် ကျေနပ်မိသူတစ်ယောက်ကိုမှ အလွမ်းတွေပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း
ဖန်ဆင်းပေးရက်တယ်။

ငါသာလျှင်.. မင်းရဲ့အကြည့် မင်းရဲ့အပြုံးတို့စေစားရာ
ငါသာလျှင် မင်းရဲ့အသံ မင်းဟန်တို့ရဲ့ရည်မှန်းရာ
ငါသာလျှင် မင်းနှလုံးသား
မင်းအ​တွေးတို့ ပိုင်​စိုးရာ
အမြဲ.....ဖြစ်နေချင်​ခဲ့ ။

မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်​တပ်​မက်တောင့်တရင်းနဲ့
ချစ်သူ...
ငါ့အနားမှာမင်းမရှိခဲ့ရင်တောင်
မင်းအနားမှာငါမှတပါး
အခြားဘယ်သူကိုမှ
မရှိစေချင်​ပါ

တိုးတိတ်

မင်းမကြင်နာ
မုန်းမေ့သွားမှာကြောက်လို့
စိုးထိတ်မှု့နဲ့အတူ
ချစ်တာကို မပြောရက်ပါပဲ
တိုးတိုးတိတ်တိတ်
မျိုသိပ်ပြီးနေခဲ့တာပါ
တစ်ကမ္ဘာလုံးလူတွေ
ငါ့ကိုမုန်းချင်သလောက်မုန်း
ခံနိုင်ရည်​ရှိတယ်
ဒါပေမဲ့ကွယ်​......
မင်းမုန်းမှာကိုတော့
သေမလောက်ကြောက်တယ်
ဒါကိုအချစ်လို့
တင်စားလို့ရမလား
ရင်တွင်းမှာဆူပွက်နေတဲ့
ချစ်ခြင်းရဲ့မီးလျံတွေ
မင်းကိုမြင်တွေ့စေချင်တယ်
ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း
ဆွံ့အသွားတဲ့အဖြစ်
တုန်ခါနေတဲ့ခြေထောက်တွေ
ဘာရယ်ကြောင့်မသိပေမဲ့
ဒီအဖြစ်ကိုမကျော်နိုင်းဘူးလေ
ရှိပါစေတော့လေ
မင်းသိအောင် ဝေဒနာကို
မကြေငြာတော့ပါဘူး
တိုးတိုးတိတ်တိတ်
တိုးတိတ်ပြီးနေတော့မယ်

အားငယ်​သူသို့

မင်းလေးရယ်
နွေဥသြတွေ သံစဉ်နှောလို့
တေးဆိုနေကြပြီ
ပူအိုက်လွန်းတဲ့ နွေတစ်ကြော့မှာ
နေလောင်မှာစိုး မင်းခေါင်းထက်က
ထီးကလေးဟာ မင်းအတွက်
အဖေါ်မွန်ဖြစ်သလို
မင်းဆုပ်ကိုင်ထားတဲ့ ထီးတလက်ဟာ
ငါ'ဖြစ်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ
မူပိုပို'မင်းနှုတ်ခမ်းတစ်စုံ
မျက်လုံးလေး ကလည်ကလည်
မဝံ့မရဲ့နဲ့ကြည့်နေတဲ့မင်းအကြည့်
ပဟေဠိဆန်နေတဲ့ မင်းအမူအရာ
မျိုသိပ်ထားတဲ့ မင်းနှလုံးသားမှ
မွန်းကြတ်နေတဲ့ ခံစားချက်ကို
သံစဉ်တစ်ပုဒ်ငြိရင်း
ဟစ်ကြွေးလိုက်ပါတော့လားကွယ်
မင်းနှလုံးသားဒေါင့် တနေရာမှာ
ငါအတွက်နေရာကွက်လပ်ရှိရင်
မင်းအတွက်ဖေးမကူညီပေးဆပ်ဖို့'
အဆင်သင့်ပါပဲ မင်းလေးရယ်
ရီဝေနေတဲ့ မင်းမျက်ဝန်းအိမ်ထဲက
မျက်ရည်တွေကိုမင်းသုတ်
လိုက်ပါတော့ကွယ်
မင်းပျော်ရွှင်စေဖို့
မင်းနံဘေးမှာငါထာဝရ
အားပေးနေမှာပါကွာ

ပုံ​ပြောခဲ့တဲ့ ချစ်​သူ

အမှတ်တမဲ့နဲ့တွေ့ဆုံခြင်းကစ
တို့နှစ်ဦး ချစ်သူ​တွေဖြစ်ခဲ့ကြတာ
ပျော်စရာကောင်းတဲ့ ကမ္ဘာငယ်လေးတစ်ခုပေါ့ ..,
ကောင်းအတူဆိုးအမျှ
အပြန်အလှန် မျှဝေခံစားခဲကြတာ
အနှိုင်အရှုံးမရှိတဲ့ နှလုံးသားချစ်တမ်းကစားပွဲတစ်ခုပေါ့....
နင်ငါ့ကိုချစ်ခဲ့တာ နောက်ဆုံးတော့ လမ်းခွဲဖို့လားချစ်သူ..
အခုတော့.......
ငါ့အသဲကိုနင်းချေလမ်းခွဲခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ...
ချစ်ခဲ့တဲ့အချိန်တုန်းက နင်ငါ့ကို အရူးလုပ်ဇာတ်တစ်ပုဒ် ဖန်တီးသွားခဲ့တာလား
ပုံပြောခဲ့တဲ့ချစ်သူရယ်..

အစိမ်း​ရောင်​ဥယျာဉ်​မှုး

ငါ့ရဲ့အစိမ်းရောင် ဉယျာဉ်ငယ်လေးထဲက
နင်အတွက် ပျိုးထားတဲ့ နှင်းဆီပန်းတွေ
သစ္စာရောင် လွှမ်းလို့ပွင့်နေပြီ... ... ...

တချို့က ရနံ့သင်းသင်း
တချို့ကငွါးငွါးစွင့်စွင့်နဲ့
ဖြူ နီ ဝါ နက် သဘာဝရဲ့
အလှတရားတခုလို
လေထဲလွင့်နေကြတဲ့ နှင်းဆီတွေ... ... ...

ဒါပေမယ့်...နှင်းဆီရယ်... ငါတကယ်ပဲ ဝမ်းနည်းမိတယ်... ခူးပန်မယ့်သူက င့ါရဲ့ ဉယျာဉ်လေးထဲ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးလေ... ... .

သူငယ်​ချင်း

မမြင်နိုင်စည်း တစ်ဖက်ခြားရယ်က
နင်ထားခဲ့တဲ့ ....
အလွမ်းဝေဒနာ ဒဏ်ချက်တစ်ခုရယ်ကြောင့် အဖော်မဲ့လမ်းမှာ တစ်ယောက်တည်း လျောက်လှမ်းနေရတရ်သူငယ်ချင်းရယ်.....
ဟိုး..ဝေးဝေးတစ်နေရာက သတိရလွမ်းဆွတ်နေသူ မျော်လင့်တမ်းတနေသူ
အဖော်မဲ့ အထီးကျန်ဆန်နေသူ ငါဆိုတဲ့သူတစ်ယောက် နင့်အတွက် ထာဝရရှိနေတရ်ဆိုတာ
နင့်ရင်ထဲမှာ အမြဲရှိနေပေးပါ သူငယ်ချင်းရယ်....

မျှော်​​နေသူ

မ​ပြေလည်​​သေးတဲ့
အချစ်​တစ်​ခုမှာ...
မ​ရေရာမ​သေချာတဲ့
အ​တွေးတစ်​ခု​ကြောင့်​..
တွေ​ဝေ​နေသူငါ...
တကယ်​ဆို​တော့
အချစ်​ဆိုတာ....
ခါးသီးခြင်းလား!
ချိုမြိန်​ခြင်းလား!ဆိုတာ
မသိရှာသူပါ
ခံစားတတ်​တာကိုပဲသိတယ်
ချစ်​မိသူတစ်​​ယောက်​က
စွန့်​ပစ်​ခံလိုက်​ရတဲ့အခါမှာ
ဝမ်းနည်း​ကြေကွဲ
လွမ်း​ဆွေးမှု​တွေနဲ့
တမှိုင်​မှိုင်​​တွေး
မင်းပုံရိပ်​​လေး
တ​ရေး​ရေးမြင်​မိတိုင်း
သံ​ယောဇဉ်​​နှောင်​အဖွဲ့​တွေက
ငါ့ရဲ့ဝိညာဉ်​​တွေ
မင်းဆီမှာလွင့်​​မျော
နေရရှာတယ်
အော်​ ချစ်​သူ​ရေ
လူတ​စ်​ယောက်​မှာ
ဘဝတစ်​ခု
အချစ်​တစ်​ခုပါ
အစားထိုးအသည်း
နှလုံးနဲ့မျှတ​ပေးဖို့ဆိုတာလည်း
ငါ့ဘဝမှာ မဖြစ်​နိုင်​လို့ပါ
ချစ်​သူ​ရေ
ချစ်​ခြင်းတရားဆိုတာ
အ​ရောင်​​ပြောင်းပြတတ်​တဲ့
မျက်​လှည့်​သမားတစ်​​ယောက်​လို
သ​ဘောထားတာလား
ငါ့ဘဝမှာ
နင်​ကလွဲပြီး ချစ်​ရမည့်​သူမရှိပါဘူး
နင့်​အချစ်​နဲ့
ရာသက်​ဆုံးတိုင်
ကမ္ဘာတည်​သ​ရွေ့ပါ
ချစ်​သူ​ရေ
နင်​ငါ့ရင်​ခွင်​ဆီ ပြန်​လာချိန်​ကို
လက်​ချိုးရေကာ
စောင့်ကြိုနေလျက်ပါ ချစ်သူရေ

ချစ်​ခြင်းအားမာန်

မိန်းကလေးရယ်
မင်းကိုချစ်ရတာလေ..
ဟိုး...ကမ္ဘာအမြင့်ဆုံးတောင်ကို
အ​ပြေးတက်ရသလိုပဲ
ပင်းပန်းလိုက်တာ
အန္တရာယ်တွေများလိုက်တာ
ဒါပေမဲ့ ငါမမူပါဘူး
မင်းပေးတဲ့ အားမာန်တွေရှိတယ်
မင်းရဲ့မခို့တရို့
အကြည့်,အပြုံးလေးတွေ
စေတနာပါတဲ့
ဖေးမကူညီမှုလေးတွေ
စစ်မှန်တဲ့
ကြင်နာယုယမှုလေးတွေ
ဒါတွေ ဒါ​တွေအားလုံး...
ငါ့အတွက်အားမာန်ပေါ့
ဒါတွေသာ မင်းငါ့ကို
အမြဲတမ်းပေးထားမယ်ဆိုရင်
ဧဝရက်တောင်ကို
မင်းခေါင်းထက်က
ဆန်ထိုးဖြစ်အောင်လုပ်နိုင်တယ်
ကြယ်စင်တွေကိုတစ်ပွင့်ချင်းသီ
မင်းကေသာထက်က
ပန်းကုန်းအဖြစ်ဖန်တီးပေနိုင်တရ်
ဖိုးရွှေလမင်းကိုလည်း
မင်းလည်တန်ကျော့ကျော့မှာ
လှလှလေးဆွဲဖို့
လည်ဆွဲလေးအဖြစ်
ဖန်တီးပေးနိုင်တယ်
မင်းယုံနိုင်မလား
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ငါ့စေတနာအားမာန်တွေပါ
ကမ္ဘာမှာစွမ်းအားအကြီးဆုံး
အရာဟာ
အချစ်စစ်ကပေါက်ဖွားလာတဲ့
အာမာန်ပဲမိန်းကလေး
အချစ်ကြောင့် ကမ္ဘာဟာ
ပြာကျသွားနိုင်သလို
အချစ်ကြောင့် ကမ္ဘာကြီးကို
စိုပြေလှပလာစေနိုင်တရ်
မိန်းကလေး
တို့နှစ်ယောက်ကမ္ဘာကြီးကို
အလှဆင်ကြရအောင်​​လေ..

ထာဝရ

ချစ်သူ
နင့်ကို ငါမြတ်နိုးစွာ ချစ်ခဲ့မိတရ်
နင်ဘာပဲလုပ်လုပ်....
နင့်​ရင်မှာဘယ်သူပဲရှိရှိ....
နင်ဘယ်သူနဲ့ပဲပျော်နေပါစေ...
ငါဟာ နင့်ကိုချစ်မိတဲ့အချစ်က
တစ်စက်လေးမှမလျှော့ခဲ့ပါဘူးချစ်သူ........နင့်တစ်ခြားသူနဲ့ ပျော်ရွှင်နေတဲ့အချိန် ငါ့မှာအားငယ်မှုတွေနဲ့
မျက်ရည်ကျခဲ့ရတဲ့​နေ့တွေရှိခဲ့​ပေမဲ့ နင့်ကိုချစ်မိတဲ့စိတ်ကလေး ပျက်ပြယ်မသွားခဲ့ပါဘူးချစ်သူ........
နင်မကြင်နာလို့ မုန်းသွားရင်လဲ
ငါ့ရင်မှာ နင့်ကိုချစ်တဲ့အချစ်​များက
ထာဝရ မဆုံးပဲချစ်သွားမယ်ဆိုတာ
ယုံပါကွယ်.......

ညီမ​လေး​ရေ

စကားချိုချို အသားညိုညိုနဲ့
ပြုံးရွှင်တဲ့မျက်နှာအသံသာယာ
မူဟန်မပါပေမဲ့ ကိုကြီးလို့ခေါ်သံကြား ယစ်မူးသွားစေတဲ့ ချစ်ညီမလေး
ကြုံဆုံခဏ ပျော်ရွှင်ခဲ့ရ
ချစ်ခဲ့ကြတာ အသဲအသက်
ပေးဆက်ရဲတယ် ကိုကြီးရယ်တဲ့
ခုတော့ကွယ်
ဟိုး အဝေးကိုပျံသွား ငှက်ငယ်အလား ချိုသာစကားလဲမဆို နူတ်မဆက်
လမ်းမခွဲပေမဲ့ တနယ်စီဝေးလို့
တမ်းတလွမ်းရရက်ရှည်
မျှော်လေလေဝေးပေါ့....
အော်ဆွေးမပြေ ဝေးမြေသို့မျှော်မှန်း
လွမ်းလွန်းလို့ပြောပါရစေ....
က္ဈမ်းလုမတတ်အသဲနဲ့မျှော်နေဆဲမို့
ပြန်ခဲ့ပါတော့ချစ်ရတဲ့ ညီမလေးရေ ။

ဆုံနိုင်​ခွင့်

မင်းလေးနဲ့ပတ်သက်ခဲ့ဖူးတဲ့ 
အတိတ်ပန်းချီကားလေးတချပ်ဟာ
တိုက်ဆိုင်မှုတစ်ခုလေးတော
့မဟုတ်ရပါဘူး
အတိုင်းတာတစ်ခုထိတော့ 
ငါအမှတ်တရအနေနဲ့ ငါသိမ်းထားမှာပါ ချစ်သောသူ.........
တုနိုင်းမဲ့စံချိန်တစ်ခု အဖြစ်နဲ့ 
မဟုတ်ဘူးဆိုတောင်မှ လိုက်မမှီနိုင်တဲ့စံချိန်မျိုးနဲ့
ငါလေ ........
နင်ကို မေ့လို့မရနိုင်တော့ဘူးဆိုတာ
100% တော့အပြည့်ပါ ချစ်သောသူ.......
အချိန်ကိုပြန်ပြီးကုစားလို့
မရနိုင်မှန်းတော့သိပါတယ်
ငါကတော့လေ နင့်ကို အချိန်တိုင်းမှာ
လွမ်းနေမယ်ဆိုတာလေးတော့ 
အဲဒီအချိန်ကိုပဲ
ငါပြန်ပြီးတော့ထာဝရသိမ်း ထားပါ့မယ်ချစ်သောသူ....

တမ်းတခြင်း

အိပ်မပျော်လို့မင်းလေးကို သတိရတာမဟုတ်ပါဘူး
မင်းလေးကိုသတိရလွန်းလို့
အိပ်မပျော်တာပါဆိုတဲ့စကားအတိုင်း
ငါလေ မင်းကိုသတိရပြီး
တမ်းတနေခဲ့မိတယ်
ဘာပဲဖြစ်ဖြစ်လေ........
သူလည်း သတိရနေမှာပဲ ဆိုတဲ့
စိတ်ကူးယဉ်မျိုးနဲ့ ငါကျေနပ်နေတာပါ.......
တချိန်ချိန်ဆိုတဲ့
မျှော်လင့်ချက်အလင်းရောင်တွေဟာ 
ငါအတွက်တော့အားဆေး လေးပေါ့........
ဒါတွေဟာလည်း
ငါကမင်းကိုချစ်ခဲ့တာပဲလေ...

အ​ရောင်​​ပြောင်းသွားမှာ ​ကြောက်​တယ်

အ ဝေးဆီမှာ တ ရွေ့ရွေ့စီးမျော နေတဲ့
တိမ်စိုင်လေးတွေ မြင် နေဆဲမှာပဲ
လွင့်ပြယ်လိုသွားခဲ့တရ်
 
အ ဝေးဆီမှာ လင်းလက်နေတဲ့
ငွေကြယ်ပွင့်လေးတွေ တဒင်္ဂလေးမှာပဲ
ပျောက်ကွယ်လိုသွားခဲ့တရ်
 
ငါ့ရင်တွေ
နာကျင် လာသလိုပဲချစ်သူရယ်
မတည်မြဲခြင်း မခိုင်မြဲခြင်းဆိုတဲ့
အ တွေးအသိပေါင်းမျုားနဲ့အတူ
ချစ်သူကိုပြေးမြင် လာမိတယ်
မင်းရဲ့အချစ်တွေ တိမ်စိုင်လေးတွေလို
မင်းရဲ့ကြင် နာယုယခြင်းတွေ တဒင်္ဂလေးနဲ့
ပျောက်ကွယ်သွားမှာကို
စိုးရိမ်ခြင်းတွေပိုနေမိတရ်
ငါ့ရင် ခုန်သံတွေ ငိုနေသလိုပဲချစ်သူရယ်
မင်းနဲ့ဝေးမှာကို ကြောက်လို့ထင်ပါရဲ့
သြော် ချစ်သူရယ်.........
မင်းနဲ့အတူမက်ခဲ့တဲ့
တိုနှစ်ယောက်အိမ်မက်တွေ......
မင်းနဲ့အတူရေးခဲ့တဲ့
တို့နှစ်ယောက် ချစ်ခြင်းကဗျာတွေ.........
မင်းနဲ့အတူတည်ဆောက်ဆဲ့
တို့နှစ်ယောက် ရဲ့ချစ်အိမ်လေး......
မင်းပျော်ရွှင်ကြည်နူးစေဖို့
ငါဖန်တီးထားတဲ့
အချစ်ပန်းဥယျာဉ်.........
ဒါတွေအားလုံး သက်ဆုံးတိုင်
ရှိနေ စေချင် တယ်ကွယ်
ထာဝရ ပေါ့ချစ်သူရယ်