ကာရံလေး တို့ကို အစဉ်အားပေးနေကြတဲ့ ခံစားချက်ချင်း တိုက်ဆိုင်ကြတဲ့ သူငယ်ချင်းများခင်ဗျာ။
အခုတလော ကာရံလေးလည်း ချစ်သူနဲ့ လမ်းခွဲပြီးတော့ စိတ်တွေ အရမ်းလေးနေလို့ ခံစားချက် ကဗျာလေးတွေ မရေးဖြစ်တော့တာပါ။ကာရံလေးရဲ့ ဘော်ဘော်တွေလည်း အဝေးတနေရာမှာ ရောက်နေလို့ လိုင်းအခြေနေအရ မတင်ဖြစ်သေးတာကို နားလည် ခွင့်လွှတ်ပေးပါလို့ ကာရံလေး မှ မေတ္တာ ရပ်ခံအပ်ပါတယ် ခင်ဗျာ
နှလုံးသားသံစဉ်
Monday, 17 November 2014
မေတ္တာရပ်ခံခြင်း
Friday, 3 October 2014
မျှော်လင့်ခြင်းဆီသို့
မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်မှာ ကစဉ်ကလျားသော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကိုအဖော်ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ
လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ လွတ်မြောက်ချင်လည်း
ထွက်ပေါက်မပေးတဲ့
နံရံပိတ်ထားတဲ့တံခါး
ထင်းမရှိတဲ့မီးလင်းဖို့
မမြင်ရတဲ့ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်ရသလား.... လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သောကောင်းကင်ပြာ
နွေးထွေးခြင်းနေခြည်ဖြာမှာ
ငါဟာ..အနှောင့်အဖွဲ့ကင်းစွာနဲ့
ကမ္ဘာဦးလူသားတစ်ယောက်လို
အပူအပင်မဲ့ ပြေးလွှားနေချင်ရဲ့
အခုတော့များ မာယာပိုက်ကွန်ထဲက နှလုံးသားအချစ်ဟူသော
နတ်ဘုရားနှင့်ယင်းကို
ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှပစ်ခွင်းသော
ရင်မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့ရယ်မောသံများရဲ့
အဆုံးမတော့အတိတ်ခါးခါးကို ဆေးကြောဖို့ရာဘယ်မှ
ထွက်ပေါက် ရှာမရခဲ့ဘူး . . .မျှော်လင့်ချက်ကတံခါးပေါက်အပြင်မှာ
ငါ့မှာတော့နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကိုရူးမိုက်စွာခံစား
ရင်းနှီးပြီးသား ကြမ်းပြင်မှာလဲလျောင်းလို့
ငါ့ဝိညာဉ်ကိုလွတ်မြောက်စေတော့မယ်... ခေါ်သံတွေရဲ့အဝေးကို
ရယ်မောသံများရဲ့အဝေးကို
မျက်နှာကျက်ရဲ့အဝေးကို
နံရံတွေရဲ့အဝေးကို
တံခါးများရဲ့အဝေးကို
ကျိန်စာများရဲ့အဝေးကိုပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့
စေစားရာကောင်းကင်ပြာလွင်ပြင်တစ်ခုဆီ
ငါ့လိပ်ပြာလေး လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့....
မစာနာတတ်သူသို့
မင်းရဲ့ဥပေက္ခာပြုမှု့တွေကြောင့်
ငါ့နှလုံးသားအိပ်ပျော်နေခဲ့တာ
ကာလအတန်ကြာရော့ပေါ့
မင်းပေးခဲ့တဲ့ဝေဒနာတွေကြောင့်
အနာတရဖြစ်ခဲ့သောငါ့နှလုံးသား
အနာကျက်လုနီးကာမှ....
မင်းကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
စဲသွားလုနီးကာမှ....
မင်းအတွက်နဲ့ပေါက်ဖွားလာတဲ့
ငါ့ကဗျာတွေ
အဆုံးတတ်လုနီးကာမှ....
မင်း အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
လှုပ်နှိုးရက်တယ်
အနာကျက်လုလုငါ့နှလုံးသားကို
တစ်ခါနာကျင်အောင်
လုပ်ရက်တယ်၊
စဲမယ်လုလုငါ့မျက်ရည်တွေကို
တစ်ခါပြန်ပြီးငိုအောင်လုပ်တယ်၊
အဆုံးသပ်လုငါ့ကဗျာကို
မပြီးဆုံးအောင်မင်းလုပ်တယ်၊
ဘယ်လိုအငြိုးရယ်ကြောင့်များလဲ
မိန်းကလေးရယ်
မနှင်ပါဘဲ ငါ့နှလုံးသားကို
စုန်ကန်ထွက်သွားတယ်
အခုမခေါ်ပါဘဲ
အနာမကျက်သေးတဲ့နှလုံးသားထဲ
အတင်းဝင်ရောက်လာတယ်
မင်းငါ့ကိုအသေသတ်ဖို့အထိတောင် ရည်ရွယ်ထားသလားကွယ်
အစကတည်းက
မင်းအတွက်ဆိုရင်
အရာအားလုံးစတေးပြီးထားပါ
ခုအနေအထားနဲ့
ငါလဲအသက်မဆက်ချင်တော့ပါဘူး
မင်းသဘောကျလုပ်လိုက်ပါတော့
မိန်းကလေးရယ်
လွမ်းစိတ်ဝေေ၀
ကံကြမ္မာက ဒဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေဝေရပြန်ပြီလေ..
လွမ်းတယ်
ရက်လနှစ်ရှည် သံယောဇဉ်ညှိလာပြီးမှ
အခုလို ဆောင်းဟေမာန်ရဲ့
မျက်လှည့်ပြမှုအောက်မှာ
ကိုယ့်ကိုအလွမ်းတွေပိုအောင်'
အထီးကျန် လူတစ်ယောက်အဖြစ်နဲ့
ဒီလိုပဲထားခဲ့တော့မှာလားကွယ်
အလွမ်းပင်ကိုပျိုးပြီး အလွမ်းမိုးတွေ
ရွာသွန်းစေခဲ့တာလဲ နင်ပဲနော်
အခုတော့......
အဲဒီအလွမ်းဒဏ်ရာကို
နင်လာကြည့်လှည့်ပါဦးလားကွယ်
တစ်ချိန်တုန်းက
နင့်အနမ်းဒဏ်ရာတွေဟာလဲ
ခုချိန်ထိ(လတ်ဆတ်ဆဲ)
ထင်ကျန်နေဆဲပါ
မေ့ဖျောက်လို့မရနိုင်တဲ့
အတိတ်ပုံရိပ်ဟောင်းတွေဟာ
ကိုယ့်ကိုအလွမ်းတစ်ခုဖြစ်အောင်
ဖန်တီးခဲ့တာလားကွယ်
လွမ်းတယ်ကွယ်
တကယ်ပါချစ်သူ
ပေးဆပ်မှုတောင်ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်တဲ့ နှလုံးသားရပ်ဝန်းရှိတယ်။ မြှားတစ်စင်းဆင်းရုံလေးနဲ့တော့
မကျီစားပါနဲ့ ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်မက်ရှည်တွေကို အခါခါခေါက်သိမ်းရင်း မြတ်နိုးမှုသက်သက်နဲ့တင် ကျေနပ်မိသူတစ်ယောက်ကိုမှ အလွမ်းတွေပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း
ဖန်ဆင်းပေးရက်တယ်။
ငါသာလျှင်.. မင်းရဲ့အကြည့် မင်းရဲ့အပြုံးတို့စေစားရာ
ငါသာလျှင် မင်းရဲ့အသံ မင်းဟန်တို့ရဲ့ရည်မှန်းရာ
ငါသာလျှင် မင်းနှလုံးသား
မင်းအတွေးတို့ ပိုင်စိုးရာ
အမြဲ.....ဖြစ်နေချင်ခဲ့ ။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်တပ်မက်တောင့်တရင်းနဲ့
ချစ်သူ...
ငါ့အနားမှာမင်းမရှိခဲ့ရင်တောင်
မင်းအနားမှာငါမှတပါး
အခြားဘယ်သူကိုမှ
မရှိစေချင်ပါ
တိုးတိတ်
မင်းမကြင်နာ
မုန်းမေ့သွားမှာကြောက်လို့
စိုးထိတ်မှု့နဲ့အတူ
ချစ်တာကို မပြောရက်ပါပဲ
တိုးတိုးတိတ်တိတ်
မျိုသိပ်ပြီးနေခဲ့တာပါ
တစ်ကမ္ဘာလုံးလူတွေ
ငါ့ကိုမုန်းချင်သလောက်မုန်း
ခံနိုင်ရည်ရှိတယ်
ဒါပေမဲ့ကွယ်......
မင်းမုန်းမှာကိုတော့
သေမလောက်ကြောက်တယ်
ဒါကိုအချစ်လို့
တင်စားလို့ရမလား
ရင်တွင်းမှာဆူပွက်နေတဲ့
ချစ်ခြင်းရဲ့မီးလျံတွေ
မင်းကိုမြင်တွေ့စေချင်တယ်
ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း
ဆွံ့အသွားတဲ့အဖြစ်
တုန်ခါနေတဲ့ခြေထောက်တွေ
ဘာရယ်ကြောင့်မသိပေမဲ့
ဒီအဖြစ်ကိုမကျော်နိုင်းဘူးလေ
ရှိပါစေတော့လေ
မင်းသိအောင် ဝေဒနာကို
မကြေငြာတော့ပါဘူး
တိုးတိုးတိတ်တိတ်
တိုးတိတ်ပြီးနေတော့မယ်